လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် ဂျီရိုနာ

အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်ကတစ်ဖက်၊ လာလီဂါမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အားထည့်ရမှာက တစ်ဖက်နဲ့ဆိုတော့ ဘယ်ဘက်ကိုမှအားလျော့ထားလို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ဂျီရိုနာကိုလည်း အိမ်ကွင်းမှာကောင်းကောင်းရင်ဆိုင်နိုင်ဖို့ အားထည့်ထားပါလိမ့်မယ်။ ဂျီရိုနာကလည်း ခုနောက်ပိုင်းအဝေးကွင်းကစားပုံလျော့လာတယ်။ တိုက်စစ်ကလည်း အဝေးကွင်းဆို သွင်းဂိုးတွေသိပ်မမြင်ရတော့ပါဘူး။ အက်သလက်တီကိုနဲ့ ဂိုးအများပဲကြိုက်နေမိတယ်။

ဗယ်လက်ကာနို နှင့် ဂီတာဖေး

ဗယ်လက်ကာနို တန်းဆင်းအန္တရာယ်နဲ့ဝေးအောင်အမှတ်ရှာရဦးမယ်။ ဂီတာဖေးကလည်း ကွန်းဖရန့်လိဂ်ဝင်ခွင့်တစ်နေရာမျှော်မယ်ဆိုမျှော်နိုင်သေးလို့ ဗယ်လက်ကာနိုကိုအကောင်းဆုံးရင်ဆိုင်မှာပါ။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

myan789

မာယော့ကာ နှင့် ရီးယဲလ်မက်ဒရစ်


မန်စီးတီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲကျပ် (၂)ပွဲနွှဲနေရတဲ့ ရီးယဲလ်မက်ဒရစ်ကတော့ မာယော့ကာကွင်းမှာသိပ်ပြီး အားစိုက်စွန့်စားကစားမယ်မထင်ဘူး။ မာယော့ကာကလည်း အိမ်ကွင်းမာပြီး ခုနောက်ပိုင်းကစာအားလည်းပြန်ကောင်းနေတယ်။ စပိန်ဘုရင့်ဖလားမှာလည်း ဒုတိယနဲ့ကျေနပ်လိုက်ရလို့ လာလီဂါဘက်ကိုပြန်အားစိုက်လာဖို့လည်းများနေတယ်။ ပြီးခဲ့ရာသီကလည်း အိမ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်ကို (၁-ဝ)ဂိုးနဲ့ အနိုင်ယူထားသလို၊ ဒီရာသီပထမအကျော့ ရီးယဲလ်ကွင်းမှာလည်း (ဝ-၁)ဂိုးနဲ့ပဲ အရေးနိမ့်ထားလို့ မာယော့ကာ့ရဲ့ ရီးယဲလ်မက်ဒရစ်ကို ခံကစားနိုင်စွမ်းက သတိထားရပါလိမ့်မယ်။ လက်ရှိရီးယဲလ် တိုက်စစ်ကလည်း ပွဲဆက်၊ ပွဲကျပ်တွေကြားမှာ မာယော့ကာဘက်ကို ဂိုးရဖို့အတော်လေးရုန်းကန်ရမယ့်ပုံပေါ်နေတယ်။ မာယော့ကာနဲ့ ဂိုးအနည်းပဲရွေးထားသင့်တဲ့ပွဲလို့ထင်တယ်။

ကာဒစ်ဇ် နှင့် ဘာစီလိုနာ

တန်းဆင်းအန္တရာယ်နဲ့နီးနေတဲ့ ကာဒစ်ဇ်ရဲ့ရုန်းအားက ချန်ပီယံလိဂ်မှာ PSG နဲ့ ပွဲကျပ်ကစားနေရတဲ့ ဘာစီလိုနာကို အခက်တွေ့သွားစေနိုင်ပါတယ်။ ဘာစီလိုနာရဲ့ ဒီရာသီအဝေးကွင်းကစားပုံက ပိုငြိမ်တယ်လို့ပြောနိုင်ပေမယ့်လည်း ခံစစ်မာတဲ့အသင်းတွေနဲ့တွေ့ရင် ဘာစီလိုနာဂိုးရဖို့တော့ ရုန်းကန်ရတတ်လေ့ရှိတယ်။ ခံစစ်ပိုင်းစိတ်ချလာရတာရယ်၊ ကာဒစ်ဇ်ကလည်း တိုက်စစ်ပိုင်းသိပ်အားရစရာမရှိလှတဲ့အသင်းဖြစ်နေတာရယ်ကြောင့် ဘာစီလိုနာဂိုးပေးရမယ့်အန္တရာယ်တော့နည်းသလိုရှိပေမယ့် တိုက်စစ်ကတော့ ကာဒစ်ဇ်ရဲ့ ခံစစ်မာကျောမှုကြောင့် ဂိုးရဖို့ခက်ခက်ခဲခဲကစားရနိုင်ပါတယ်။ အသင်းကလည်း ချန်ပီယံလိဂ်တစ်ဖက်နဲ့ လူအပြောင်းအလဲပါရှိနေနိုင်လို့ ကာဒစ်ဇ်ကို ဘာစီလိုနာ လွယ်လွယ်အနိုင်မရမှာတော့သေချာနေတယ်။ ဂိုးအနည်းပဲဦးစားပေးထားသင့်တဲ့ပွဲပါ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular