spot_img

လာလီဂါစတား ၂ ဦးကို နေမာ နဲ့ မက်ဆီလို့ တင်စားလိုက်တဲ့ အဂူရို

မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရိုက လာလီဂါစတား ၂ ဦးဖြစ်တဲ့ ယာမဲလ် နဲ့ ဗင်နီဆီးယက်စ်တို့ကြား ရွေးချယ်မှုပြုလုပ်ခဲ့ပြီး အဆိုပါစတား ၂ ဦးကို နေမာ နဲ့ မက်ဆီလို့ တင်စားလိုက်ပါတယ်။

ဗင်နီ နဲ့ ယာမဲလ်တို့ဟာ လာလီဂါမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ယာမဲလ်ဆိုရင် စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကိုရယူထားနိုင်ခဲ့ကာ ဗင်နီကလည်း ရီးရဲလ်အသင်းနဲ့အတူပြသခဲ့တဲ့ခြေစွမ်းကြောင့် ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

myan789

လာမယ့်စနေနေ့မှာ ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး အဂူရိုက “ကောင်းပါပြီ။ ကျွန်တော်တို့ သူတို့ ၂ ဦးရဲ့ကစားဟန် နဲ့ အရည်အချင်းတွေကိုပြောကြမယ်ဆိုရင် ယာမဲလ်က ဗင်နီထက်ပိုသာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ယေဘုယျအားဖြင့် ဗင်နီက ရီးရဲလ်အသင်းအတွက် နှစ်အတော်ကြာကစားနေတာဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေလည်း ရယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမား ၃ ဦးထဲက ၁ ဦးအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ပွဲအရေအတွက် နဲ့ အသက်အရွယ်အရဆိုရင် ယာမဲလ်ကို ကျွန်တော်ရွေးချင်ပါတယ်။ သူတို့ ၂ ဦးက နေမာ နဲ့ မက်ဆီလိုပါပဲ။ အဲ့တာက ရှုပ်ထွေးတယ်ဆိုပေမယ့် ဘာစီလိုနာမှာ ယာမဲလ် ၊ မက်ဒရစ်မှာဆိုရင် ဗင်နီပါ။ ဘာပေလည်း မက်ဒရစ်မှာရှိနေပါတယ်။ ဒါပေမယ့် ဘာပေက တိုက်စစ်မှူးပိုဆန်ပါတယ်။

ယာမဲလ်က အသက် ၂၆ နှစ်သားလုပ်ဆောင်သလို လုပ်ပြနေတာပါ။ အခုဆို သူ့ကိုကြည့်ရတာကို အားလုံးက နှစ်သက်နေပါပြီ။ ဘာလို့လဲဆိုတော့ သူဘယ်လောက်အထိသွားနိုင်မလဲဆိုတာ ကျွန်တော်တို့မသိပါဘူး။ အချိန်က စကားပြောပါလိမ့်မယ်။

လူတိုင်းမှာ မတူညီတဲ့အရည်အချင်းတွေရှိပါတယ်။ ဒါပေမယ့် သူ့အကြောင်းက အမြဲတမ်းပေါ်လွင်နေပါတယ်။ ပြိုင်ဘက်ကစားသမားတွေကို သူက လွယ်လွယ်ကျော်ဖြတ်နိုင်ပါတယ်။ ပြီးတော့ သူ့အသက်အရွယ်လေးနဲ့ ဖန်တီးမှုတွေလည်း အများကြီးလုပ်ထားနိုင်ပါတယ်။

ပွဲအတွင်း သူ့မှာမတူညီတဲ့အမြင်တွေရှိပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးက အသက် ၂၀ လောက်မှာပဲ ရှိတတ်တာပါ။ သူ့ရဲ့စွမ်းဆောင်ရည်က ကျွန်တော်ဆယ်ကျော်သက်တုန်းကနဲ့ဆင်တူပါတယ်။

သူ့ဆီကနေ အများကြီးထပ်လာဦးမယ်လို့ မြင်ပါတယ်။ အဲ့တာက နည်းပြအပေါ်မှာပဲ မူတည်ပါတယ်။ အချို့နည်းပြတွေက တိုက်စစ်ကို ပိုတိုးတက်ချင်ကြပါတယ်။ ဒါပေမယ့် အခြားနည်းပြတွေကတော့ ခံစစ်ပိုကစားခိုင်းတတ်ပါတယ်။

ယာမဲလ်က ဆက်လက်တိုးတက်လာဦးမှာပါ။ သူက အရမ်းကိုမှပြီးပြည့်စုံတဲ့ကစားသမားပါ”လို့ အဂူရိုက ဖြေကြားခဲ့ပါတယ်။ ယာမဲလ်ဟာ အသက် ၁၇ နှစ်အရွယ်မှာတင် စံချိန်တွေတင်ထားနိုင်ခဲ့ပြီး ဒီရာသီ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းက ၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular