spot_img

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း မက်ဆီကို မြင်တွေ့ရနိုင်ဖွယ်ရှိနေ

အာဂျင်တီးနားစတားဟောင်း အဂူရိုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း မက်ဆီကို မြင်တွေ့ရနိုင်ချေရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ ဘော်လွန်းဒီအော် ၈ ကြိမ်ရ မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို ပါဝင်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ အဆိုပါကမ္ဘာ့ဖလားဟာ မက်ဆီအတွက် နောက်ဆုံးကမ္ဘာ့ဖလားလို့ ယူဆနေကြပါတယ်။ အာဂျင်တီးနားအသင်းအတွက် ၁၈၉ ပွဲမှာ ၁၁၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ မက်ဆီဟာ လက်ရှိအချိန်အထိ နိုင်ငံအသင်းကစားသမားဘဝကနေ အနားမယူသေးတာဖြစ်ပါတယ်။

myan789

စကာလိုနီကိုယ်တိုင်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ မက်ဆီအတွက် တံခါးဖွင့်ထားဆဲလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီမှာကစားနေတဲ့ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကိုကာကွယ်ရမှာဖြစ်ပါတယ်။

“မက်ဆီတစ်ယောက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ဆက်ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူက သူ့ကိုယ်သူဂရုစိုက်ပါတယ်။ အမြဲတမ်းတော့ လီယိုမဖြစ်နိုင်ပေမယ့် သူက ဖရီးကစ် ဒါမှမဟုတ် ဂိုးဖန်တီးမှုအနည်းငယ်တော့လုပ်နိုင်ပါတယ်။

Former Argentina star Aguero said that it is possible to see Messi in the upcoming 2026 World Cup.

သူက ရုပ်ပိုင်းဆိုင်ရာအရ အဆင်ပြေပါတယ်။ သူသာ ဆန္ဒရှိမယ်ဆိုရင် ဆက်ကစားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူဂရုစိုက်နိုင်တာကြောင့်ပါ”လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေပြီး စာချုပ်ထဲမှာ ၁၂ လသက်တမ်းတိုးခွင့်ပါရှိနေပါတယ်။

ရော်နယ်ဒိုကတော့ အသက် ၃၉ နှစ်ရှိနေပေမယ့် ဆက်ကစားနိုင်နေသေးသလို မက်ဆီကလည်း ရော်နယ်ဒိုလမ်းစဉ်ကို ဆက်လိုက်ဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular