spot_img

လာမယ့် ရာသီသစ် ချဲလ်ဆီး အသင်းရဲ့ ရပ်တည်မှုကို ခန့်မှန်းသွားတဲ့ ဒက်ဆယ်လီ

ချဲလ်ဆီး အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲ အဖြစ် လီဗာပူး အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ ရှိပါတယ် ။ ရာသီကြို ခြေစမ်းပွဲအားလုံး ပြီးခဲ့တဲ့ အပတ်ကတည်းက ကစားထားပြီး ဖြစ်လို့ ခြင်္သေ့ပြာတို့ ဒီအတောအတွင်း လေ့ကျင့်ရေးကွင်းမှာသာ လေ့ကျင့်ပြင်ဆင်နေကြပါတယ် ။

အမေရိကန် ရာသီကြို ခရီးစဉ် အတွင်း ချဲလ်ဆီးဟာ လိဂ်တူးကလပ် ရက်ဇ်ဟမ်း ၊ ပရီးမီးယားလိဂ် ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ ဘရိုက်တန် ၊ နယူးကာဆယ် ၊ ဖူလ်ဟမ် ၊ ဂျာမန် ထိပ်သီးကလပ် ဒေါ့မွန်တို့နဲ့ ခြေစမ်းခဲ့ရာ ၊ ၃ပွဲနိုင် ၂ပွဲသရေ ရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ် ။

myan789

အာဂျင်တိုင်းသား နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ သက်ကြီးဝါရင့် ကစားသမား နည်းလာတဲ့ သွေးသစ်လောင်းထားတဲ့ လက်ရှိ ချဲလ်ဆီး အသင်းကို သူ့ရဲ့ မြန်နှုန်းမြင့် ၊ high press ကစားဟန်မှာ တလအတွင်း အကောင်းဆုံး လေ့ကျင့်ပေးထားနိုင်တာကို တွေ့ရပါတယ် ။

ပြီးခဲ့တဲ့ ရာသီကလောက် ကစားသမားသစ် ဖြည့်တင်းမှုမှာ ငွေကြေး အမြောက်အမြား ထုတ်မသုံးထားပေမယ့် ၊ ချဲလ်ဆီးဟာ ဒီနွေတတွင်း တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် ၊ ကွင်းလယ်လူ လက်စ်လီ အူဂိုချူကူ ၊ ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီ ၊ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်တို့ကို ပေါင်သန်း ၁၀၀ဝန်းကျင် အသုံးပြုကာ အားဖြည့်ထားပါတယ် ။

ဒါ့အပြင် စျေးကွက် မပိတ်သိမ်းမီ ကွင်းလယ်နဲ့ အထောင်တိုက်စစ် တနေရာစီ အနည်းဆုံး ထပ်ဖြည့်နိုင်သေးတာကြောင့် ခြင်္သေ့ပြာတို့ သြဂုတ်လ အကုန်မှာ ယခုထက် အင်အား တောင့်တင်းလာနိုင်ပါသေးတယ် ။ လက်ရှိ ကစားသမားစာရင်းနဲ့ Top 4 ဝင်နိုင်ပြီလို့ ယတိပြတ် ပြောမရပေမယ့် ၊ ချဲလ်ဆီးဟာ Top 4 တနေရာကို စိန်ခေါ်မယ့် အသင်း တသင်း အဖြစ် ရှိနေပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း တဦး ဖြစ်တဲ့ မာဆယ် ဒက်ဆယ်လီကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၁၂သာ ရခဲ့သလို ၊ ရာသီသစ် မတိုင်မီ ခေါင်းအစ ခြေအဆုံး ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ထားတဲ့ သူ့အသင်းဟောင်း အဖို့ လာမယ့် ရာသီသစ်မှာ Top 4 တန်းဝင်နိုင်ဖို့ စောသေးကြောင်း အခုလိုပဲ ခန့်မှန်းသုံးသပ်သွားပါတယ် ။

Boyle Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဒက်ဆယ်လီ က ” ချဲလ်ဆီးမှာ ရင်းနှီးမြှုပ်နှံထားကြသူတွေက Top 4 ပြန်မဝင်ခင် ဒါဟာ အလယ်အလတ်ကနေ ရေရှည်စီမံကိန်း အထိ သွားမယ့် ပရောဂျက် တခု ဆိုတာ သိထားကြပါတယ် ။ ကိုယ်ပိုင် စနစ်ထဲ ပြန်မဝင်နိုင်ခင် ဒါဟာ ၂နှစ် ၊ ၃နှစ် ကြာမယ့် ပရောဂျက် တခု ဖြစ်ပါတယ် ။ ”

” ခင်ဗျားဟာ လက်ရှိ ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်ပြီး ၊ သူတို့ရဲ့ တန်ဖိုးကို မြှင့်တင်ပေးဖို့ ၊ ပရောဂျက်နဲ့ အမှီ ကစားသမားတွေရဲ့ တိုးတက်မှု အရှိန်ကောင်းစေဖို့ လုပ်ဆောင်ရပါမယ် ။ ကျွန်တော်ဟာ ချဲလ်ဆီး ပရိသတ် တယောက် ဖြစ်တာကြောင့် သူတို့ကို Top 4 ဝင်စေချင်ပါတယ် ။ ”

” ဒါပေမယ့် တခြား ပြိုင်ဖက် အသင်းတွေရဲ့ အခြေအနေတွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ ဒါက ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ချဲလ်ဆီးဟာ နိုင်လိုစိတ် ပြန်ရဖို့ တည်ဆောက်ရမယ့် အသင်း တသင်း ဖြစ်နေပါတယ် ။ ”

” သူတို့ ဘယ်လောက် ငွေသုံးသလဲ ဆိုတာ ကျွန်တော် သိပ်ပြီး စိတ်မပူပါဘူး ။ ဘာလို့လဲဆိုတော့ ခင်ဗျား သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကြည့်လိုက်တဲ့အခါ သူတို့ဟာ ကိုယ်ဘာအတွက် လုပ်နေလဲ ဆိုတာ ကောင်းကောင်းသိကြလို့ပါ ။ ဒီရာသီမှာတော့ သူတို့ Top 4 ပြန်ဝင်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular