spot_img

လာမယ့်ဇန်နဝါရီမှာ ချီယေဆာ ထွက်ခွာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်လာတဲ့ အန်းစလော့

ကြံ့ခိုင်မှုပိုင်းပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ချီယေဆာအနေဖြင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းမှ အငှားကစားသမားဘဝနဲ့ ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့သတင်းတွေကို အန်းစလော့က ပယ်ချခဲ့ပါတယ်။

အခုနွေရာသီ၊ ဂျူဗင်တပ်စ်မှ ပေါင် ၁၀ သန်းဖြင့် ရောက်ရှိလာတဲ့ အီတလီတောင်ပံကစားသမားက လီဗာပူးအသင်းအတွက် ပွဲစဉ်သုံးခု၊ စုစုပေါင်းပွဲချိန် ၇၈ မိနစ်သာ ပါဝင်ကစားခဲ့ပြီး လတ်တလောမှာ ဒဏ်ရာပြဿနာဆုတ်ယုတ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းပြောင်းရွှေ့ဖို့စီစဉ်ထားမှုနဲ့အတူ ဂျူဗင်တပ်စ်ရဲ့ရာသီကြိုပြင်ဆင်မှုမှာ မပူးပေါင်းနိုင်ခဲ့ခြင်းကြောင့် ချီယေဆာက အသင်းသစ်နဲ့အံဝင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

myan789

လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ချီယေဆာအနေဖြင့် စီးရီးအေဆီ ယာယီအားဖြင့် ပြန်လာလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း အီတလီသတင်းရပ်ကွက်ဘက်မှာ ဆူဆူညံညံထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းတွေက အန်ဖီးလ်ရဲ့ရေရှည်အကျိုးစီးပွားကိုရည်ရွယ်ပြီး ကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းကို ဆက်လက်တည်ဆောက်ဖို့ အာရုံစိုက်နေတဲ့ အန်းစလော့နဲ့အတွေ့မှာတော့ ပျက်ပြယ်သွားခဲ့ပါတယ်။

ချီယေဆာရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးမြန်းမှုကို အန်းစလော့က “ ချီယေဆာနဲ့လမ်းခွဲလိုက်ဖို့ဆိုတာ ကျွန်တော့်စိတ်ထဲမှာ ရှိကိုမရှိပါဘူး။ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က သူ့ရဲ့ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ပါပဲ။ ဒါပြီးရင်တော့ သူဘယ်နေရာမှာရှိနေမလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့နိုင်ပါပြီ။ သူက ဂျူဗင်တပ်စ်နဲ့ရော၊ လီဗာပူးနဲ့ပါ ရာသီကြိုကာလတွေကို လွဲချော်ခဲ့ပါတယ်။ ချီယေဆာက အသင်းနဲ့မပူးပေါင်းရတဲ့ ကစားသမားသုံးလေးဦးနဲ့အတူ အသေးစားလေ့ကျင့်ခန်းတွေပဲ လုပ်ဆောင်ခဲ့ရတာပါ။ ပြီးတော့ သူက အလွန်ပြင်းထန်စွာကြိုးစားအားထုတ်ကစားရလေ့ရှိတဲ့ လိဂ်တစ်ခုဆီ ရောက်ရှိလာပါတယ်။ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ပြီး ကစားရလေ့ရှိတဲ့ပုံစံက ကစားသမားတိုင်းအတွက် ယေဘုယျအားဖြင့် ခက်ခဲလေ့ရှိပါတယ်။ အထူးသဖြင့် ရှုပ်ထွေးတဲ့ရာသီကြိုကာလတစ်ခုကို ပိုင်ဆိုင်ခဲ့ရမယ်ဆိုရင်ပေါ့”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

Anne Sloth is likely to leave the Liverpool team on loan in the next January transfer

ဒါ့အပြင် လီဗာပူးနည်းပြက ကလပ်အသင်းအနေဖြင့် ချီယေဆာရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုကို ဟန်ချက်ညီစေရန် ဂရုတစိုက်ချဉ်းကပ်နေတယ်လို့ ရှင်းပြခဲ့ပါတယ်။

အန်းစလော့က “ ဒီအချက်ကို အရင်ကတည်းက ကျွန်တော်တို့တွေ သိရှိထားခဲ့ပြီးပါပြီ။ သူ့ရဲ့ပုဂ္ဂလိကလိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိသွားဖို့အတွက် တကယ်ကိုသတိထားရလိမ့်မယ်ဆိုတာ သိရှိထားပါတယ်။ ဒါပေမယ့် အခုထိတော့ ဒီလုပ်ငန်းစဉ်က မပြီးဆုံးသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က သူ့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်လာစေမယ့် အကောင်းဆုံးနည်းလမ်းကို ရှာဖွေဖို့ ကြိုးစားနေပါတယ်။ အခုအချိန်မတိုင်ခင်အထိ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်အပြည့်အဝအောင်မြင်လာမယ်ဆိုတာ ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒါကြောင့် သူ့ကို ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာအောင်ပဲ အရင်ဆုံး လုပ်ပေးသွားရပါမယ်”လို့ ဆိုပါတယ်။

ဒီအတွက် ချီယေဆာပြန်လာနိုင်မယ့်ရက်စွဲကို အတိအကျမေးမြန်းလိုက်ရာမှာ အန်းစလော့က ကစားသမားကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာတွေရဲ့ မခန့်မှန်းနိုင်တဲ့သဘောသဘာဝကို ရည်ညွှန်းရင်း အချိန်အတိအကျပြောဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

“ချီယေဆာရဲ့အခြေအနေက အတက်အကျအနည်းငယ်ရှိလို့ ပြောဖို့တော့ ခက်ပါတယ်။ တခါတလေ သူက ကျွန်တော်တို့နဲ့အတူ လေ့ကျင့်နေပြီး ရက်အနည်းငယ်အကြာမှာပဲ ဒဏ်ရာပြဿနာတစ်ခုကြောင့် ပြန်လည်ထွက်ခွာသွားရပါတယ်။ ကျွန်တော်ကတော့ ရက်စွဲအတိအကျဆိုတာမျိုးကို မပြောပြချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူ့ကို အကောင်းဆုံးပုံစံမှာရှိနေတယ်ဆိုတာ သေချာအောင် လုပ်ပေးသွားချင်လို့ပါပဲ။ ရက်တွေ၊ လတွေ အတိအကျပြောပြီး ချီယေဆာအပေါ် ဖိအားတွေ မပေးချင်ပါဘူး”လို့ အန်းစလော့က ဆက်ပြောပါတယ်။

လတ်တလောမှာ လီဗာပူးအသင်းက ဘရိုက်တန်ကို အခုသီတင်းပတ်အတွင်း အဝေးကွင်းကာရာဘောင်ဖလားပွဲစဉ်၊ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဒီပွဲစဉ်နှစ်ခုလုံးကို ချီယေဆာလွဲချော်သွားပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular