spot_img

လာမည့်ရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ့် အသင်း ၊ Top 4 ဝင်မယ့်အသင်း နဲ့ တန်းဆင်းရမယ့် အသင်းတွေကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပြူတာ

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် အရ မန်ချက်စတာစီးတီး အသင်းဟာ လာမည့် ရာသီ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ သိရပြီး လီဗာပူး ၊ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ အသင်းကြား ရမှတ် ကွာဟမှုက ၂ မှတ်သာ ရှိပါတယ်။ မန်စီးတီးဟာ ဒီနွေရာသီမှာ ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ရာသီသစ်မှာ အမှတ်ပေးဖလားကို ကာကွယ်နိုင်ရန် အထူး ရေပန်းစား နေပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ရာသီအစပိုင်း အထနှေးခဲ့ပေမယ့်လည်း ရာသီကုန်မှာတော့ ဒုတိယ နေရာက အသင်းကို ၁၂ မှတ်ဖြတ်ကာ ဗိုလ်စွဲနိုင် ခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် အရ ပြီးခဲ့တဲ့ ရာသီက ဒုတိယနေရာနဲ့ ရာသီသိမ်း နိုင်ခဲ့တဲ့ မန်ယူနိုက်တက်ဟာ ၂၀၂၁-၂၂ ရာသီမှာတော့ အဆင့် ၄ နေရာသာ ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

myan789

သရဲနီ တို့ဟာ ဒီနွေရာသီမှာ ဂျေဒွန်ဆန်ချိုကို ဒေါ့မွန် ကနေ ပေါင် ၇၃ သန်းထိ ပေးကာ ခေါ်ယူထားခဲ့ပြီး ဖြစ်သလို ရီးရဲယ်မက်ဒရစ်ရဲ့ ရာဖေးဗာရန်း ၊ ရင်းနက်စ်ရဲ့ ကာမာဗင်ဂါ တို့ကိုလည်း ရာသီသစ် မစတင်မီ ခေါ်ယူဖို့ စိတ်အားထက်သန်နေ ပါတယ်။ ဒါပေမယ့် ဒီလို အားဖြည့်မှုတွေဟာ ယူနိုက်တက် အတွက် လုံလောက်မှု မရှိဘဲ လီဗာပူး နဲ့ ချဲလ်ဆီး တို့ရဲ့နောက် အဆင့် ၄ နေရာနဲ့သာ ရာသီသိမ်းလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်း ခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗာဂျယ်ဗန်ဒိုက် ၊ ဂျိုးဂိုးမက်ဇ် နဲ့ ဂျိုရယ်မာတစ် တို့ကို ကာလရှည် လက်လွှတ်ထားခဲ့ရတဲ့ အပြင် အခြား ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ် ဖလားကို ကာကွယ် နိုင်ခဲ့ခြင်း မရှိဘဲ အဆင့် ၃ နေရာသာ ရခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ဒီနွေရာသီမှာ အီဗရာဟီမာကိုနာတေးကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး လာမည့် ရာသီမှာတော့ မန်စီးတီးရဲ့အောက် ၁၁ မှတ်အကွာ ဒုတိယ နေရာနဲ့ ရာသီသိမ်းလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်း ခဲ့ပါတယ်။

လီဗာပူးဟာ ကွင်းလယ်ပိုင်းမှာ ဝိုင်နယ်ဒန်ကို ပီအက်ဂျီ အသင်းထံ ဆုံးရှုံးထားခဲ့ပေမယ့် နောက်တန်းမှာတော့ ရွေးချယ်စရာတွေ များပြားနေပါတယ်။ SportingIndex က ကလော့ရဲ့ အသင်းဟာ ချဲလ်ဆီးကို ကျော်ကာ ဒုတိယ နေရာကို ရယူဖို့ အတွက် လုံလောက်တဲ့ အရည်အသွေး ရှိတယ်လို့ ယူဆထားပါတယ်။ သောမတ်တူချယ်ရဲ့ ဥရောပ ချန်ပီယံ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ပေါင်သန်း ၂၅၀ နီးပါး သုံးစွဲထားခဲ့ပေမယ့်လည်း ဒီနွေရာသီမှာ နောက်ထပ် တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူဖို့ အတွက် ကြိုးစားလျက် ရှိနေပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့် ၄ နေရာသာ ရခဲ့ပြီး SportingIndex က တူချယ်ရဲ့ အသင်းဟာ ဒီရာသီမှာတော့ လီဗာပူးနဲ့ အမှတ်တူ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းလိမ့်မယ်လို့ ယုံကြည် ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ရပ်တည်မှုတွေ မကောင်းခဲ့တဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် တို့ကလည်း မနှစ်ကထက် ပိုကောင်းတဲ့ ရာသီကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထား ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ပြီး ဒီရာသီ မှာတော့ အဆင့် ၅ နေရာ ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဂန်းနားတို့ အနေနဲ့ ရာသီကုန်မှာ ရမှတ် ၆၂ မှတ် စုဆောင်းကာ မန်ယူနိုက်တက် (၇၄ မှတ်) အောက် အဆင့် ၅ နေရာမှာ ရပ်တည်လိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်းထား ပါတယ်။ မီခေးအာတီတာဟာ ဒီနွေရာသီမှာ သူ့အသင်းကို ပြုပြင်ပြောင်းလဲမှု အများအပြား လုပ်သွားဖို့ ရှိနေပြီး SportingIndex က ဂန်းနားတို့ဟာ စပါးရဲ့ အထက် ၂ မှတ် အသာနဲ့ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ပြီးခဲ့တဲ့ ရာသီက အက်အေဖလား ချန်ပီယံ လက်စတာ ကတော့ အဆင့် ၇ နေရာသာ ရလိမ့်မယ်လို့ ခန့်မှန်းထားပြီး ၎င်းတို့အောက်မှာ အဲဗာတန် ၊ လိဒ်ယူနိုက်တက် နဲ့ ဝက်ဟမ်း တို့က အစဉ်လိုက် ရပ်တည်မယ်လို့ ဆိုထားပါတယ်။ အက်စတွန်ဗီလာ ကတော့ ပြီးခဲ့တဲ့ ရာသီကလိုပဲ အဆင့် ၁၁ နေရာ ရလိမ့်မယ်လို့ ခန့်မှန်းလိုက်ကာ ရမှတ်ကတော့ ၅ မှတ် လျော့နည်းသွားမယ်လို့ သိရပါတယ်။

ဘရိုက်တန် ၊ ဝုဖ် ၊ ဆောက်သမ်တန် ၊ နယူးကာဆယ် ၊ ဘန်လေ ၊ နော့ဝှစ် တို့ဟာ အမှတ်ပေးဇယားရဲ့ bottom half နဲ့ အဆုံးသတ်လိမ့်မယ်လို့ သိရပြီး ခရစ်စတယ်ပဲလေ့စ် ၊ ဘရန့်ဖို့ဒ် နဲ့ ဝက်ဖို့ဒ် တို့ကတော့ ချန်ပီယံရှစ်ကို ဆင်းကန်ရလိမ့်မယ်လို့ သိရပါတယ်။

၁- မန်စီးတီး ၂- လီဗာပူး ၃- ချဲလ်ဆီး ၄- မန်ယူနိုက်တက် ၅-အာဆင်နယ် ၆-တော့တင်ဟမ် ၇-လက်စတာ ၈-အဲဗာတန် ၉-လိဒ် ၁၀-ဝက်ဟမ်း ၁၁-ဗီလာ ၁၂-ဘရိုက်တန် ၁၃-ဝုဖ် ၁၄-ဆောက်သမ်တန် ၁၅-နယူးကာဆယ် ၁၆-ဘန်လေ ၁၇-နော့ဝှစ် ၁၈-ပဲလေ့စ် ၁၉-ဘရန့်ဖို့ဒ် ၂၀-ဝက်ဖို့ဒ်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular