spot_img

လာမည့်ရာသီတွင် မန်ယူအသင်းတိုးတက်မှုရှိလာမည်ဟု နောက်ခံလူ ဗာရန်း ကြုံးဝါး

၂၀၂၁-၂၂ ရာသီတွင် မန်ယူအသင်းအနေဖြင့် စိတ်ပျက်ဖွယ်အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း လာမည့်ရာသီ၌ တိုးတက်မှုရှိလာလိမ့်မည်ဟု အသင်း၏ပြင်သစ် ဝါရင့်နောက်ခံလူ ဗာရန်းက ကြုံးဝါးခဲ့သည်။

မန်ယူအသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား၌ အဆင့်ခြောက်နေရာ ရောက်ရှိနေပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ရရန် သေချာသည့်အနေအထားတွင် ရှိနေသည်။ “သိသာထင်ရှားတာက ဒီရလဒ်တွေဟာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အနေအထားမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အပြုသဘောဆောင်ပြီး အကောင်းဘက်က တွေးနေတုန်းပါပဲ။ ပြီးတော့ လာမယ့်ရာသီမှာ ပိုကောင်းလာလိမ့်မယ်လို့လည်း ကျွန်တော် ယူဆပါတယ်” ဟု ဗာရန်းက ပြောကြားခဲ့သည်။

myan789

ထို့ပြင် ဒတ်ချ်လူမျိုး တန်ဟက်ဂ် အသင်း၏နည်းပြသစ်ဖြစ်လာခြင်းမှာလည်း မှန်ကန်သည့်ခန့်အပ်မှုဟု ဗာရန်းက မှတ်ချက်ပြုခဲ့သည်။ “သူတို့(အေဂျက်စ်)အသင်းကစားတာ အရမ်းကောင်းပါတယ်။ သူ(တန်ဟက်ဂ်)နဲ့ အတူအလုပ်လုပ်ရမှာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေမိပါတယ်။ သူ့မှာ အတွေ့အကြုံကောင်းတွေ ရှိနေပြီး ဒီကလပ်အသင်းအတွက် သင့်တော်တဲ့လူပါပဲ” ဟု ဗာရန်းက နည်းပြသစ် တန်ဟက်ဂ်အပေါ် ချီးကျူးစကားဆိုခဲ့သည်။ အသက် ၂၉ နှစ်အရွယ်ရှိ ဗာရန်းသည် ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဖြင့် ရောက်ရှိလာပြီး ဒဏ်ရာပြဿ နားများကြောင့် အသင်းပွဲစဉ် ၄၇ ပွဲတွင် ၂၈ ပွဲသာ ကစားထားခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular