spot_img

လာမည့်နွေတွင် ရီးယဲလ်မှထွက်ဖွယ်ရှိဟု ဟာဇက် ဖွင့်ဟ

ရီးယဲလ်ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဟာဇက်က လာမည့် ၂၀၂၃ နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဟာဇက် (၃၂ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် ရီးယဲလ်သို့ စတင်ရောက်ရှိလာသည့်အချိန်မှစပြီး ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူဖြစ်သည်။

myan789

၎င်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၇) ပွဲသာ ကစားခွင့်ရထားပြီး (၁) ဂိုးသွင်းယူထားသည်။

ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၄ ခုနှစ်တွင် ကုန်ဆုံးဖြစ်မည်ဖြစ်သည်။

သို့သော် ဟာဇက်က ”စာချုပ်သက်တမ်းက တစ်နှစ်ကျန်ရှိနေသေးပြီး ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော် လုပ်ပြချင်ပါသေးတယ်။ ဒါပေမဲ့ ပွဲကစားခွင့်မရတဲ့အတွက် မလွယ်ပါဘူး။ ကျွန်တော် ပိုကစားချင်တယ်။ ဒီမှာဖြစ်ခဲ့တာတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ လာမယ့်နွေမှာ အသင်းက ထွက်ခွာတာမျိုး ဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဟာဇက်ကို ခေါ်ယူရန် တူရကီကလပ် ဖီနာဘာချီအသင်းက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular