အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် လာဇီယိုအသင်းမှ ဆယ်ကျော်သက်ကစားသမား လူကာရိုမဲရိုးကို ခေါ်ယူရန် PSG အသင်းကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
အာဂျင်တီးနား ယူ-၁၇ ကစားသမား လူကာရိုမဲရိုးသည် လာဇီယိုအသင်း၏ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူလည်းဖြစ်သည်။ လူကာရိုမဲရိုးသည် ပြီးခဲ့သည့်လက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် စတင်ရွေးချယ်ခြင်းခံခဲ့ရသည်။
မက်ဆီက အဆိုပါလူငယ်ကစားသမားသည် အနာဂတ်အလားအလာကောင်းများရှိနေသူဖြစ်သည်ဟု PSG အသင်းတာဝန်ရှိသူများကို ပြောကြားပြီး ခေါ်ယူရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
လူကာရိုမဲရိုးသည် ယခုရာသီတွင် လာဇီယိုအသင်းအတွက် စီးရီးအေ (၄)ပွဲကစားခွင့်ရရှိထားပြီး လာဇီယိုအသင်း၏ အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။