spot_img

လမ်းပေါ်ကအထာတွေနဲ့လာမယ်ဆိုရင်လည်း မန်စီးတီးက ရတယ် – ဂွာဒီယိုလာ

ဂွာဒီယိုလာက မန်စီးတီးအသင်းသည် ပင်ပန်းနွမ်းနေနေပြီဖြစ်သော်လည်း ပွဲတစ်ပွဲကို အသာရရှိရေးတွင် လမ်းပေါ်ကအထာများကို ထုတ်သုံးရန်လိုအပ်လျှင်လည်း မန်စီးတီးသည် အဆိုပါအရည်အချင်းများဖြင့် ပြည့်စုံသော အသင်းဖြစ်ကြောင်းကို ဘိုင်ယန်နှင့်ပွဲတွင် သက်သေပြနိုင်သဖြင့် ချီးကျူးပါကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မန်စီးတီးသည် ပြီးခဲ့သည့်တစ်ပတ်က အီတီဟက်တွင်ကစားသည့်ပထမအကျော့တွင် ဘိုင်ယန်ကို ၃-၀ ဖြင့်အနိုင်ရရှိပြီးနောက် မနေ့ညက မြူးနစ်တွင်ကစားသည့်ပွဲတွင် တစ်ဂိုးစီသရေကျခဲ့သည်။ မန်စီးတီးသည် နှစ်ကျော့ပေါင်း ၄-၁ ဖြင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံ ရီးရဲမက်ဒရစ်နှင့် ရင်ဆိုင်တွေ့မည်ဖြစ်သည်။

myan789

ဟာလန်းသည် ပထမပိုင်းတွင်ပင်နယ်တီတစ်လုံးလွဲချော်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်း ၅၇ မိနစ်တွင် ဒီဘရန်းနားပေးပို့မှုမှ တဆင့်မန်စီးတီးအတွက်တစ်ဂိုးသွင်းယူခဲ့ပြီး အဆိုပါသွင်းဂိုးသည် ၎င်း၏ လက်ရှိဘောလုံးရာသီတွင်မန်စီးတီးအတွက် ၄၈ ဂိုးမြောက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားသည်။

ဂွာဒီယိုလာက ဘိုင်ယန်နှင့်ကစားသည့်ပွဲအပြီးတွင် “ကျွန်တော်တို့ ပထမပိုင်းမှာ အများကြီးရုန်းကန်ခဲ့ရတယ်။ အူပါမီကာနိုနဲ့ ကိုးမန်းတို့က ဒုက္ခပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ဘိုင်ယန်က အခွင့်အရေးကောင်းတချို့ရခဲ့ပါတယ်။ ပွဲကဘာမဆိုဖြစ်သွားနိုင်တယ် ဒါပေမယ့် ကျွန်တော်တို့ကံကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဟာလန်းက အသက်ငယ်သေးတယ် ဆိုပေမယ့် သူ့ရဲ့သွင်းဂိုးက အရမ်းကောင်းပါတယ်။ မန်စီးတီးမှာ အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ ကစားသမားတွေရှိနေပြီး ဘာလုပ်ဖို့လိုအပ်လည်းဆိုတာကို သူတို့ကသိပါတယ်။ ဒုတိယပိုင်းကတော့ ပွဲစကတည်းက အရမ်းကောင်းပါတယ်”ဟု ပြောဆိုခဲ့သည်။

မန်စီးတီးသည် အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဖြစ် လာမည့်စနေနေ့တွင် ချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်သော ရှက်ဖီးယူနိုက်တက်အသင်းနှင့် ကစားရရန်ရှိနေပြီး အသင်း၏ ပင်ပန်းနွမ်းနယ်နေမှုသည် ထည့်သွင်းစဉ်းစားရမည့်အချက်တစ်ချက်ဖြစ်ကြောင်းဂွာဒီယိုလာက ပြောဆိုလိုက်သည်။ “မန်စီးတီးက ပင်ပန်းနေပြီ။ ရှက်ဖီးယူနိုက်တက်နဲ့ပွဲအမီဘယ်လိုပြန်လည် လန်းဆန်းလာအောင် လုပ်ရမလည်း ကျွန်တော်လည်း မသိသေးပါဘူး”ဟုဂွာဒီယိုလာက ပြောဆိုလိုက်သည်

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular