ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်တနင်္လာနေ့ (ဇန်နဝါရီ ၂၅ ရက်)က ရာထူးမှ ထုတ်ပယ်ခဲ့သည့် နည်းပြ လမ်းပတ်အား လျော်ကြေးပေါင်(၂)သန်းသာ ပေးချေခဲ့ရကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လမ်းပတ်ကို (၃)နှစ်သက်တမ်းဖြင့် စာချုပ်ထားခြင်းဖြစ်ပြီး သူ၏လက်ရှိစာချုပ်မှာ သက်တမ်း(၁၈)လခန့် ကျန်ရှိနေသေးသည်။
လမ်းပတ်သည် ယင်းစာချုပ်အရ ချယ်လ်ဆီးအသင်းတွင် တစ်နှစ်လစာငွေ ပေါင် (၄)သန်းရရှိနေပြီး နှစ်ဦးနှစ်ဘက်သဘောတူညီချက်များအရ ချယ်လ်ဆီးအသင်းအနေဖြင့် သူ့အား ရာထူးမှထုတ်ပယ်ခဲ့ခြင်းအတွက် သူ၏လစာငွေ(၆)လစာကိုသာ လျော်ကြေးပေးချေခဲ့ရကြောင်း သိရသည်။
ဗြိတိန်သတင်းစာ The Sun ၏ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းသည် လမ်းပတ်အား လျော်ကြေးငွေအပြီးအပြတ်ပေးချေပြီးဖြစ်ကြောင်း သိရသည်။
လမ်းပတ်အား ပေးချေခဲ့ရသည့် လျော်ကြေးပေါင်(၂)သန်းမှာ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်၏ လက်ထက်တွင် လျော်ကြေးပေးချေရသော နည်းပြများအနက် အနည်းဆုံးပမာဏဖြစ်ကြောင်း သိရသည်။
အေဘရာမိုဗစ်ချ်သည် သူထုတ်ပယ်/လမ်းခွဲခဲ့ သောနည်းပြများထဲ၌ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့သော ဒတ်ချ်နာမည်ကြီးနည်းပြ ဂူဟစ်ဒင့်၊ စပိန်လူမျိုးနည်းပြ ဘင်နီတက်ဇ်တို့ကိုသာ လျော်ကြေးမပေးရခြင်းဖြစ်ပြီး ကျန်နည်းပြများအားလုံးကို လျော်ကြေးအနည်းနှင့် အများပေးခဲ့ ရသည်။
အေဘရာမိုဗစ်ချ်ထံမှ လျော်ကြေးငွေအများဆုံးရရှိခဲ့သည့်နည်းပြမှာ အီတလီလူမျိုးနည်းပြ ကွန်တီဖြစ်ပြီး လျော်ကြေး ပေါင်(၂၆.၆)သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။