အဲဗာတန်အသင်းသည် တန်းဆင်းအန္တရာယ်အတွက် ပိုမိုစိုးရိမ်စရာဖြစ်လာသော်လည်း နည်းပြ လမ်းပတ်ကို အသင်းပိုင်ရှင် မိုရှီရီနှင့် ဘုတ်အဖွဲ့က ထောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။
လမ်းပတ်သည် အဲဗာတန်အသင်းကို ရလဒ်ကောင်းများ ရယူပေးနိုင်ခြင်းမရှိသေးခြင်းကြောင့် ပရိသတ်အချို့က ရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများလည်း ရှိလာခဲ့သည်။
သို့သော် အဲဗာတန်အသင်းတာဝန်ရှိသူများက ၎င်းကို အနာဂတ်အတွက် ရည်ရွယ်ထားခြင်းကြောင့် ထောက်ခံမှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
လမ်းပတ်ကလည်း အဲဗာတန်အသင်းတန်းဆင်းအန္တရာယ်မှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။
အဲဗာတန်အသင်းသည် လက်ရှိအချိန်တွင် အမှတ်ပေးဇယား အဆင့် (၁၇)နေရာတွင် ရပ်တည်နေပြီး ပွဲကျန် (၉)ပွဲတွင် ပရီးမီးယားလိဂ် Big Six စာရင်းဝင်အသင်းများဖြစ်သည့် မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ် စသည့်အသင်းများနှင့် ကစားရန် ကျန်ရှိနေသည်။