spot_img

လမ်းပတ်ကို အချိန်ပေးသင့်သည်ဟု ချယ်လ်ဆီးအသင်းနည်းပြဟောင်းနှစ်ဦးဖြစ်သည့် အန်ဆယ်လော့တီနှင့် ဂလင်းဟော်ဒယ်လ်တို့ မှတ်ချက်ပြု

ဖိအားများနှင့် ရင်ဆိုင်နေရသည့် ချယ်လ်ဆီးအသင်း နည်းပြ လမ်းပတ်ဘက်မှ ယခင်နည်းပြဟောင်းနှစ်ဦးဖြစ်သည့် အန်ဆယ်လော့တီနှင့် ဂလင်းဟော်ဒယ်လ်တို့က မှတ်ချက်ပြု ပြောဆိုမှုများ ပြုလုုပ်ခဲ့ကြကြောင်းသိရှိရသည်။

ချယ်လ်ဆီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်က လမ်းပတ်နှင့် ဆုံတွေ့ခဲ့ဖူးသည့် အန်ဆယ်လော့တီက လမ်းပတ် ကြုံတွေ့နေရသည့် ဖိအားများကို နားလည်ကြောင်းနှင့် ချယ်လ်ဆီးအသင်းအနေဖြင့် လမ်းပတ်ကို မဖြစ်မနေ အချိန်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

myan789

အန်ဆယ်လော့တီက “သူတို့အသင်းက ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမားကောင်းတွေအများကြီးကို ခေါ်ယူခဲ့ပါတယ်။ ဒါက ဂျူဗင်တပ်စ်အသင်းလုပ်ခဲ့သလို အလုပ်မျိုးပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် စိတ်ရှည်သည်းခံဖို့လို အပ်ပါတယ်။ ဒါဟာ ဘောလုံးမှာ ရှားပါးနေတဲ့ အရာလည်း ဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

အန်ဆယ်လော့တီ ၏ အမြင်ကို ဂလင်းဟော်ဒယ်လ်ကလည်း ထောက်ခံခဲ့ပြီး Evening Standard နှင့် တွေ့ဆုံရာတွင် “သူ့အတွက် အချိန်ပေးဖို့ လိုပါတယ်။ ချယ်လ်ဆီးက အခုအချိန်အထိ သူတို့ သွားချင်တဲ့လမ်းကို လျှောက်လှမ်းနေဆဲရှိပါသေးတယ်။ သူတို့ဟာ အခုအချိန်မှာ အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေမှာ ရလဒ်ဆိုးခဲ့ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်အောင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကျော်ဖြတ်ရမှာပါ” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular