spot_img

လန်ဒန် ဒါဘီနိုင်ပွဲမှာ ကိန်း-ဆွန် အတွဲအပြင် ဘယ်သူတွေကို မော်ရင်ဟို ချီးကျုးခဲ့သလဲ ?

တော့တင်ဟမ် ဟော့စပါး အသင်း နည်းပြကြီး မော်ရင်ဟို ဟာ ယမန်နေ့ ညက အာဆင်နယ် ကို အနိုင် ကစား ခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲစဉ် က စပါး အသင်း သားတွေရဲ့ ခြေစွမ်းကို ချီးကျုး ခဲ့သလို ကွင်းထဲ ကို ပြန်ရောက် လာကြတဲ့ ပရိသတ် ၂၀၀၀ ရဲ့ အားပေး မှုတွေ ကိုလည်း ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ စပါး ဟာ တနင်္ဂနွေ နေ့ ညက ပွဲစဉ် မှာ အာဆင်နယ် ကို အနိုင်ယူပြီး အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည် နေခဲ့ ပါတယ် ။

စပါး ဟာ အာဆင်နယ် ကို ဘောလုံး ပေးကိုင် ခဲ့ပြီး တန်ပြန် တိုက်စစ်တွေ နဲ့ အချက် ကျကျ ထိုးနှက် ခဲ့ ပါတယ် ။ ပထမပိုင်း မှာပဲ ဆွန်ဟောင်မင် က လှပတဲ့ အဝေးကန် ချက် နဲ့ အဖွင့်ဂိုး ကို သွင်းယူ ပေးခဲ့ ပါတယ် ။ အဲ့ဒိ နောက် မှာတော့ ဆွန်ဟောင်မင် ရဲ့ ဖန်တီးပေးမှု ကတဆင့် ဟယ်ရီကိန်း က စပါး အတွက် ဒုတိယ မြောက်ဂိုး ကို ထပ်သွင်း ခဲ့ပြီး ၂ – ၀ နဲ့ ပွဲပြီးစေခဲ့ ပါတယ် ။

myan789

ဆွန်ဟောင်မင် ရဲ့ ဂိုးကို ဟယ်ရီကိန်း က ပံ့ပိုး ပေးခဲ့တာ ဖြစ်ပြီး ဒီရာသီ မှာ သူတို့ ၂ ယောက်ရဲ့ အပြန် အလှန် ပံ့ပိုး ချိတ်ဆက်မှု တွေ ဟာ ရသတစ်ခုလို ဖြစ်လာခဲ့ ပါတယ် ။ သူတို့ အကြားမှာ သွင်းဂိုး ၁၂ ဂိုး ရှိ နေပြီး ဒီဂိုးတွေဟာ စပါး ကို အမှတ်ပေး ဇယားထိပ်ကို တက်လှမ်း နိုင်ဖို့ အဓိက အထောက် အကူ ဖြစ်စေခဲ့ ပါတယ် ။

မော်ရင်ဟို ကတော့ ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင် တို့ အကြားက ချိတ်ဆက် ပုံဖော်မှု ၊ အပြန် အလှန် နားလည်မှုတွေ ကို အဓိက ချီးကျုး သွားခဲ့ပြီး အာဆင်နယ် ရဲ့ ထိုးဖောက်မှုတွေ ကို စုပေါင်း ကာကွယ် နိုင်ခဲ့တဲ့ ကျန် အသင်းသားတွေ ကိုလည်း ချီးကျုး ပြောဆိုမှု ပြုလုပ် သွားခဲ့ ပါတယ် ။

“သူတို့တွေ ( စပါး အသင်းသားတွေ ) က သားရဲတွေ လို ကြိုးစား ကြပါတယ် ။ ကျွန်တော် က အဲ့လို သားရဲတွေ ကို သဘောကျတဲ့ သူပါ ၊ တိရိစ္ဆာန်တွေ ကို ကျွန်တော် ချစ်ပါတယ် ၊ ဒီစကားကို တစ်မျိုး မထင်ပါနဲ့ ။ သူတို့ ကို ချီးကျုး တာပါ ။ ဘောလုံး ခြေထဲမရှိတဲ့ အချိန်မျိုးမှာ သူတို့ လုပ်သွားတာတွေ က တကယ့် အံ့ဖွယ်တွေ ပါပဲ”

“ဟယ်ရီကိန်း က ခံစစ်အထိ ဆင်းကူတယ် ၊ ဧရိယာထဲ က ဘောလုံးတွေ ကို ရှင်းထုတ်တယ် ၊ ဆွန်နီ က မိနစ် ၆၀ လောက် အထိ တောင်ပံ တစ်လျောက် ဘယ်လာရင် ကို ထိန်းခဲ့ ပါတယ် ။ နောက်ပိုင်း မှာတော့ ခံစစ်မှူး လို့တောင် ထင်ခဲ့ ရတာပါ”

“သူတို့ ၂ ယောက် က ဂိုးသွင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ကစား နေတဲ့ သူတွေ မဟုတ်တော့ ပါဘူး ။ အသင်းရဲ့ တာဝန် ကို ကောင်းကောင်း သိနားလည်တဲ့ ကမ္ဘာ့ အဆင့်တွေ ဖြစ်လာ ကြပါပြီ ။ တကယ့် ပရော်ဖက်ရှင်နယ် ဆန်ပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကြမယ့် ကစား သမားတွေပါ” လို့ မော်ရင်ဟို က ဆိုသွားခဲ့ပါတယ် ။

ဆက်လက်ပြီး ယမန်နေ့ ညက ပွဲမှာ စပါး ရဲ့ ကွင်းအတွင်း မတ်လ နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်ရောက် လာတဲ့ ပရိသတ် ၂၀၀၀ အတွက် လည်း မော်ရင်ဟို က သူ့ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဟယ်ရီကိန်း ကတော့ မနေ့ ညက ပွဲမှာ ဂိုးသွင်း နိုင်ခဲ့တာကြောင့် မြောက်လန်ဒန် ဒါဘီ သမိုင်းရဲ့ ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်လာခဲ့ ပါတယ် ။

“ဒီည ခြေစွမ်း အတွက် အရမ်းပျော်ပါတယ် ၊ ထိုက်တန်တဲ့ နိုင်ပွဲပါ ၊ ကစားပုံ ကျစ်လျစ်တယ် ၊ ဂိုးတွေလည်း လှပါတယ် ။ ပိုပျော်ဖို့ ကောင်းတာက ဒီဂိုးတွေ ကို ပရိသတ် အစစ်တွေ ရှေ့မှာ သွင်းနိုင် ခဲ့တာပါပဲ ။ သူတို့ မပါဘဲ ကစားခဲ့ ရတဲ့ နေ့တွေ ဟာ တကယ် အရသာမဲ့ ခဲ့တာပါ ။ အခုတော့ ဒီလို နေ့တွေ အဆုံးသတ်ပြီလို့ မျှော်လင့် ရတာပါပဲ”

“မီခေး ( အာတီတာ ) အတွက် ကျွန်တော် ဂုဏ်ယူ ပါတယ် ၊ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲ ကို သူ ယူဆောင် လာခဲ့တာပါ ။ အာဆင်နယ် က နည်းစနစ် ပိုင်းအရ အရမ်း ကောင်းခဲ့ သလို စုစု စည်းစည်းလည်း ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့ ကစား သမားတွေ က အာဆင်နယ် ပေးတဲ့ ပြဿနာ တိုင်းကို ဖြေရှင်း နိုင်ခဲ့ ပါတယ်” လို့ မော်ရင်ဟိုက ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ လာမယ့် ကြားရက် မှာ ယူရိုပါလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး ရှုံးထွက် အဆင့်ကို တက်ရောက် ဖို့ လိုအပ် နေသေးတာ ကြောင့် အမှားခံလို့ မရတဲ့ အနေအထား မှာ ရှိနေခဲ့ ပါတယ် ။ အဲ့ဒိ နောက်မှာတော့ စပါး ဟာ နောက်ထပ် လန်ဒန် ကလပ် တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်း နဲ့ တနင်္ဂနွေနေ့ မှာ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular