ဝက်စ်ဟမ်းအသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တောင်ပံကစားသမား လင်ဂတ်ကို ခေါ်ယူရန် ကမ်းလှမ်းထားပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လင်ဂတ်(၂၉ နှစ်)သည် ဇူလိုင်(၁)ရက်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရမည်ဖြစ်သည်။
ထို့ကြောင့် ၎င်းကို ခေါ်ယူလိုသည့် အသင်းများစွာ ရှိနေသည့်အနက် ဝက်စ်ဟမ်းအသင်းမှာ ၎င်း အငှားဖြင့် သွားရောက်ကစားစဉ် ခြေစွမ်းပြနိုင်ခဲ့သည့်အသင်း ဖြစ်သောကြောင့် အခြားအသင်းများထက် အားသာချက်ရှိနေသည်။
ယခု တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီဖြစ်ပြီး လင်ဂတ်က လက်ခံဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။