spot_img

လက်ရှိအချိန်တွင် ဥရောပဘောလုံးလောက၏ အကောင်းဆုံးအသင်းမှာ ဘိုင်ယန်မြူးနစ်သာဖြစ်သည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လက်ရှိအချိန်တွင် ဥရောပဘောလုံးလောက၏ အကောင်းဆုံးအသင်းမှာ ဘိုင်ယန်မြူးနစ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံ၌ နိုင်ပွဲဆက်နေခြင်းကြောင့် လက်ရှိအကောင်းဆုံးအသင်းဟု ညွှန်းဆိုခံနေရသော်လည်း ဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်သာ အကောင်းဆုံးဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ဂွါဒီယိုလာက “လက်ရှိ ဘောလုံးကမ္ဘာမှာ ဥရောပရဲ့အကောင်းဆုံးအသင်းက ဘိုင်ယန်မြူးနစ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က ဆုဖလားအားလုံး သိမ်းပိုက်ထားတာကြောင့်ပါ။ အင်္ဂလန်ရဲ့အကောင်းဆုံးကတော့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်ပါပဲ။ ဖေဖော်ဝါရီနဲ့ မတ်လမှာ ချန်ပီယံအသင်း မရှိပါဘူး။ ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပြီဆိုပေမဲ့ လက်ကျန်ပွဲတွေ ကျန်နေပါသေးတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အနီးဆုံးပြိုင်ဘက် မန်ယူအသင်းကို (၁၂)မှတ်ဖြတ်ထားနိုင်ပြီဖြစ်သောကြောင့် ပြိုင်ပွဲမပြီးဆုံးမီ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

ပွဲစဉ်အနေအထားအရ မန်စီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဧပြီလဆန်းတွင် အစောဆုံးအဖြစ် ရယူနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ခံထားရသည်။

မန်စီးတီးအသင်းသည် ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ပြိုင်ပွဲစုံနိုင်ပွဲဆက်မှု တတိယအများဆုံးအဖြစ် (၂၀ ပွဲ)ဖြင့် စံချိန်တင်ထားပြီး ဘိုင်ယန်မြူးနစ် (၂၃ ပွဲ)နှင့် ရီးယဲလ်(၂၂ ပွဲ)တို့၏ စံချိန်များကို လိုက်မီရန် နီးစပ်နေကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular