spot_img

လက်ရှိလစာရဲ့ ၃ ဆ ဖြင့် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းတိုးမယ့် အာမက်ဒီယာလို

အသက်၂၂နှစ်အရွယ် ကစားသမားရဲ့စာချုပ်က လက်ရှိရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ကလပ်ဘက်မှ စာချုပ်သက်တမ်းတစ်နှစ်တိုးမြင့်ခွင့် ရှိနေတာဖြစ်ပါတယ်။

သို့သော်လည်း ယူနိုက်တက်ဟာ အဲဒီလိုမလုပ်လို့ဘဲတောင်ပံကစားသမားကို စာချုပ်သစ်ချုပ်ဆိုလိုနေတာဖြစ်ပါတယ်။

myan789

ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲစဉ်အဖြစ် PAOK နှင့်ပွဲမှာ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီးနောက် စာချုပ်အသစ်အတွက် သေချာသွားအောင် အာမက်က လုပ်နိုင်ခဲ့တာပါ။

အာမက်က “ကျနော်ဒီမှာပျော်ပါတယ်။ ဒီကလပ်အတွက် ကစားပေးရတာကိုလည်း ပျော်ပါတယ်။ အသင်းမှာအချိန်အကြာကြီးအထိရှိချင်ပြီး ကလပ်နှင့်အတူ သမိုင်းသစ်တွေကိုရေးထိုးချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိစာချုပ်မှာ အာမက်ရဲ့ လစာက တပတ်ကို ပေါင် ၂၉၀၀၀ ဖြစ်ပြီး စာချုပ်အသစ်မှာတော့ ထိုလစာရဲ့ ၃ ဆ နီးပါးအဖြစ် ပေါင် ၉၀၀၀၀ အထိ ရရှိမှာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ အာမက်ဟာ အတ္တလန္တာကနေ ‌ပေါင် ၁၉ သန်းဖြင့် ပြောင်းလာခဲ့တာဖြစ်ပြီး ရိန်းစ်ဂျားနှင့် ဆန်းဒါးလန်းတို့မှာ အငှားသွားရောက်ကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ သူ့ရဲ့တန်ကြေးဟာ ပေါင် ၃၇.၂ သန်းအထိ ရှိလာပြီဖြစ်ပါတယ်။

အာမက် ဟာ ဆန်းဒါးလန်းနှင့်အတူ ၂၀၂၂ -၂၃ တွင် ခြေစွမ်းပြသခဲ့ပြီး ကလပ်ရဲ့တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အဲဒီနောက် အိုးထရက်ဖို့ဒ်သို့ ပြန်လာခဲ့ပြီး ပထမအသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

သူက သြဂုတ်လမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး PAOK နဲ့ပွဲဟာ ကစားခွင့်ရရှိတဲ့ ၇ ပွဲအတွင်း ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရရှိတဲ့ပွဲစဉ်ဖြစ်ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အရပ် ၅ပေ ၈ လက်မသာ ရှိတဲ့ တောင်ပံကစားသမားဟာ ဂရိချန်ပီယံနဲ့ပွဲရဲ့ ပွဲကစားချိန် မိနစ် ၅၀ မှာ မြင်တွေ့ရခဲတဲ့ပုံစံဖြင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

Amad Diallo contract will expire at the end of this season, and the club has the right to extend the contract for one year.

ပွဲကစားချိန် ၇၇ မိနစ်မှာလည်း နောက်တန်းကစားသမားတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ဂိုးသမားရဲ့ ညာဘက်လို့ ကန်သွင်းယူရတာဖြစ်ပါတယ်။

“ကျနော်တို့က လေ့ကျင့်ရေးမှာလည်း အကောင်းဆုံးလုပ်ခဲ့ပါတယ်။ အသင်းက စိတ်အားထက်သန်နေရမှာပါ။ ကျနော်က နောက်တန်းကစားသမားကိုဖိအားပေးပြီး ဘောလုံးကိုရယူခဲ့ပြီးနောက် ကန်သွင်းယူခဲ့တာပါ။ ဂိုးသွင်းနိုင်တဲ့အတွက်လည်း ပျော်ပါတယ်” လို့ အာမက်က ပြောပါတယ်။

သူဟာ ရက်ရှ်ဖို့ဒ်နှင့် ပေါင် ၈၆ သန်းတန် အန်တိုနီကို ကျော်ပြီး ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

“ပွဲထွက်ခွင့် မရရှိခဲ့ဘူးဆိုရင်တောင် ကျနော်ကအကောင်းဆုံးကြိုးစားနေမှာပါ”

“ကျနော်ဟာ ဩဂုတ်လရဲ့အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ သိထားပြီး ဆက်လက်ကြိုးစားနေပါတယ်။ လက်ရှိမှာ အနာဂတ်အတွက်အာရုံစိုက်ထားပြီး အသင်းအတွက်အကောင်းဆုံးကစားပေးကာ ထိပ်ဆုံးသို့ ပြန်လည်ရရှိအောင်ကြိုးစားသွားမှာပါ” လို့ အာမက်က ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular