ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အခုရာသီသစ်မှာ ဂျော်ဂျန်ဆန် နဲ့ ဆန်းချက်ဇ်တို့ကို အလှည့်ကျအသုံးပြုမယ်လို့ အတည်ပြုလိုက်ပါတယ်။
ဆန်းချက်ဇ်ဟာ မန်စီးတီးနဲ့အဖွင့်ပွဲမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ယူရိုပါကွန်းဖရန့်လိဂ်ပွဲအဖြစ် ဆာဗက်တီအသင်းနဲ့ပွဲမှာတော့ ဂျော်ဂျန်ဆန်က ပွဲဦးထွက်ပါဝင်ခွင့်ရခဲ့ပါတယ်။
ဒီရာသီဂိုးသမားအစီအစဉ်နဲ့ပတ်သက်ပြီး မာရက်စ်ကာက အလှည့်ကျအသုံးပြုမယ်လို့ အတည်ပြုခဲ့ပါတယ်။ “ဒါက လက်ရှိမှာအစီအစဉ်လုပ်ဆောင်နေပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ အစီအစဉ်ဆိုတာ ပြောင်းလဲနိုင်ပါတယ်။
ကစားသမားတွေရဲ့အဆင့်အနေအထားကို ကျွန်တော်အကဲဖြတ်မှာပါ။ တကယ်လို့ အတူတူပဲဆိုရင်တော့ ရောဘတ်က ဦးစားပေးဖြစ်နိုင်ပါတယ်။ ပွဲထွက်ခွင့်နေရာကို စွမ်းဆောင်ရည်နဲ့အဆုံးသတ်မှာပါ။
ပွဲထွက်ကစားသမား ၁၁ ယောက်ကို ကျွန်တော် သူတို့ဘယ်လောက်အလုပ်လုပ်လဲဆိုတဲ့အပေါ်မူတည်ပြီး ပွဲထုတ်မှာပါ။ တကယ်လို့လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေစွမ်းမပြနိုင်ခဲ့ရင် သူတို့ကစားခွင့်ရမှာမဟုတ်ပါဘူး။
ပရီးမီးယားလိဂ်မှာပါဝင်ခွင့်မရလို့ လာမယ့်ကွန်းဖရန့်လိဂ်မှာ ပါဝင်ခွင့်ရမယ်လို့ မထင်လိုက်ပါနဲ့။ လေ့ကျင့်ခန်းအစီအစဉ်မှာ ဆက်ပြီးခြေစွမ်းမပြနိုင်ရင် ဘယ်မှာမှပါဝင်ခွင့်ရမှာမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ချဲလ်ဆီးက တောင်းဆိုမှုမြင့်မားတဲ့အသင်းပါ။ ပွဲထွက်ခွင့်ရဖို့ဆိုရင် အဆုံးသတ်မတိုင်ခင်အထိ တိုက်ပွဲဝင်နိုင်ဖို့ လိုအပ်ပါတယ်။
အလုပ်မကြိုးစားပဲ ပွဲထွက်ခွင့် ကျွန်တော်ပေးမယ်လို့ထင်မြင်နေရင် အဲ့တာကို မေ့လိုက်ပါ”လို့ မာရက်စ်ကာက ဖြေကြားခဲ့ပါတယ်။