spot_img

လက်စတာ နဲ့ပွဲက မန်ယူနိုက်တက် ရဲ့ လူစာရင်းအတွက် ကလော့ အပြစ်တင်ခဲ့တာ ဘယ်သူ့ကိုလဲ ?

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်စတာ စီးတီး နဲ့ ပွဲစဉ်က လူစာရင်းနဲ့ ပတ်သက်ပြီး အင်္ဂလိပ် ဘောလုံး အသိုင်း အဝိုင်းမှာ ဝေဖန် ပြောဆိုမှုတွေ ရှိလာခဲ့ ပါတယ် ။ ၁ ရက်သာ နားပြီး ၃ ပွဲ ဆက်တိုက် ကစားရမယ့် မန်ယူနိုက်တက် အတွက် ဆိုးရှား ဟာ လက်စတာ နဲ့ ပွဲမှာ အကယ်ဒမီ ကစား သမားတွေ နဲ့ အရန်တွေကို ပွဲထုတ် ခဲ့ပြီး ၂ – ၁ နဲ့ အရေးနိမ့် သွားခဲ့ ပါတယ် ။

ဒီပွဲ ရလဒ် ဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် တိုက်ပွဲ ၀င်နေတဲ့ ၀က်စ်ဟမ်း ၊ စပါး နဲ့ လီဗာပူး အသင်းတွေ ကို အခက်အခဲ ဖြစ်စေခဲ့ကာ ပြိုင်ဘက်တွေ အပေါ် မလေးမစား ပြုလုပ်တဲ့ ဆိုးရှား နဲ့ မန်ယူနိုက်တက် တို့ကို အပြစ်ဒဏ် ချမှတ် သင့်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

myan789

ဒါပေမယ့် လီဗာပူး နည်းပြကြီး ယာဂင် ကလော့ ကတော့ ဆိုးရှား ဘက်ကနေ ကာကွယ် ပြောဆို ပေးသွားခဲ့ ပြီး ဒီလို နားရက် မရှိ ဆက်တိုက် ကစားဖို့ ညွှန်ကြားမှု ဟာ လက်စတ ပွဲ ဖြစ်ရပ် ရဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ ဆိုခဲ့သလို သူသာ ဆိုရင်လည်း ဒီအတိုင်းပဲ ပြုလုပ် မှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဒီလူစာရင်း က ကျွန်တော် မျှော်လင့်ထားတဲ့ အတိုင်းလား . . . အတိအကျကြီးတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် သူ ( ဆိုးရှား ) မဖြစ် မနေ လူပြောင်းမယ် ဆိုတာကိုတော့ ကျွန်တော် သိနေ ပါတယ် ။ သူတို့ တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး မှာ ဆက်တိုက် ကစားရမှာပါ”

“ဒီလို ကစားခိုင်းတာ ပြစ်မှုမြောက် ပါတယ် ၊ ဒါကို ပြောနေတာ အကြိမ် ၅၀၀ လောက် ရှိပါပြီ ။ ဒီလူစာရင်း အတွက် ဆိုးရှား မှာ ဘာ အပြစ်မှ မရှိပါဘူး ၊ ကျွန်တော် ဆိုရင်ရော . . . ကျိန်းသေ လုပ်မှာပါပဲ ။ သူတို့ က ယူရိုပါလိဂ် ဖိုင်နယ် လည်း ကစားရဦး မှာပါ ။ ဘာလို့ ဒီလို မလုပ်စရာ အကြောင်း ရှိရမှာ ပါလဲ”

“တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး တွေ မှာ ဆက်တိုက် ကစားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ။ ဒါကို အဖွဲ့ချုပ်က အဆင်ပြေအောင် စီစဉ် ပေးဖို့ စိတ်ကူး မရှိခဲ့ပါဘူး” လို့ ကလော့ က ပြောဆို သွားခဲ့ ပါတယ် ။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဟာ ကလပ် အသင်းတွေ ဥရောပ ပွဲကစားဖို့ ရှိလာတဲ့ အခါမျိုးတွေမှာ သူတို့တွေရဲ့ ပြည်တွင်း ပွဲစဉ်တွေ ကို ရွှေ့ပြောင်းမှု မပြုလုပ် ပေးမှုကြောင့် အစဉ်အဆက် ဝေဖန် ခံခဲ့ရတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ် ။

လီဗာပူး အသင်း ဟာလည်း ၂၀၁၉ တုန်းက ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲကို သွားရောက် ကစားရချိန် မှာ ဗီလာ နဲ့ ကစားရမယ့် လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကို ရွှေ့ပြောင်း မပေးခဲ့တာကြောင့် တစ်နေ့တည်းမှာ မတူညီတဲ့ လူစာရင်း ၂ ခု ကို သုံးပြီး မတူညီတဲ့ နေရာ ၂ ခု မှာ ကစားပွဲ ၂ ပွဲကို ကစားခဲ့ရ ဖူးပါတယ် ။ အကျိုးဆက် ကတော့ အကယ်ဒမီ ကစားသမားတွေ နဲ့ ပွဲထုတ် ခဲ့ရတဲ့ လီဗာပူး ဟာ ဗီလာ ကို ဂိုးပြတ်ရှုံးကာ လိဂ်ဖလား ကို စွန့်လွှတ် ခဲ့ရပါတယ် ။

လီဗာပူး ဟာ မနကျဖွနျ မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဆင့် ၄ နေရာကို ရယူ နိုင်ဖို့ အတွက် လက်ကျန် ၃ ပွဲ စလုံးကို အနိုင် ရဖို့ မဖြစ်မနေ လိုအပ် လာခဲ့ပြီ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular