အာဆင်နယ်အသင်းသည် လက်စတာအသင်းမှ ဘယ်လ်ဂျီယံကွင်း လယ်ကစားသမား တီလေမန်းစ်ကို ခေါ်ယူနိုင်ရန် ပိုမိုနီးစပ်လာကြောင်း သိရသည်။
တီလေမန်းစ်သည် လာမည့်နှစ်တွင် လက်စတာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားသောကြောင့် လက်စတာအသင်းက ယခု နွေရာသီတွင် ရောင်းထုတ်ဖွယ်ရှိနေသည်။
တီလေမန်းစ်ကို ပေါင်သန်း(၄၀)ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖွယ်ရှိနေပြီး အာဆင်နယ်အသင်းနှင့်အတူ ရီးယဲလ်အသင်းကလည်း စိတ်ဝင်စားနေသည်။
တီလေမန်းစ်က ပရီးမီးယားလိဂ်တွင် ဆက်ကစားရန် ပိုမိုဆန္ဒရှိနေသောကြောင့် အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရမှသာ ရီးယဲလ်ကို ရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။