သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းချိတ်ဆက်နေတဲ့ လက်ချီနောက်ခံလူ ဒိုဂူကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အာမိုရင်ရဲ့ကစားကွက် ၃-၄-၂-၁ မှာ အံဝင်နိုင်မယ့် တောင်ပံအားသန်ကစားသမားမျိုးရှာဖွေနေပြီး ဒိုဂူကို စိတ်ဝင်စားနေပါတယ်။အပြောင်းအရွှေ့က မဖြစ်မြောက်သေးပေမယ့် ယူနိုက်တက်ဟာ ကနဦးစုံစမ်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီရာသီရလဒ်တွေဆိုးဝါးနေတဲ့အပြင် နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ထားခဲ့တာကြောင့် အာမိုရင်က အသင်းလူအင်အားကို ထပ်မံဖြည့်တင်းချင်နေပါတယ်။ အသင်းဘက်က ကနဦး ပီအက်စ်ဂျီဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ကို ချိတ်ဆက်ခဲ့သေးပေမယ့် ကစားသမားက အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အပြောင်းအရွှေ့ကို ငြင်းဆန်ခဲ့ပါတယ်။
အသက် ၂၀ အရွယ်ဒိန်းမတ်သားကို ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပေမယ့် အခုချိန်အထိတော့ အီတလီကလပ်အသင်းနဲ့ ချိတ်ဆက်မှုတွေမရှိသေးဘူးလို့ သိရပါတယ်။ ဘရိုက်တန်ကို ၃-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာ ရိန်းဂျားစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။