spot_img

ရှေ့မရောက် ၊ နောက် မရောက် ဖြစ်နေတဲ့ ဝိုင်နယ်ဒမ် ရဲ့ စာချုပ်သစ် ကိစ္စ

ခံစစ် ဒဏ်ရာပြသနာတွေ ဆက်တိုက် ရင်ဆိုင်နေရသလို ၊ နောက်ဆုံး သုံးပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ ဖိအားတွေ အောက်ကို ကျရောက်နေတဲ့ လီဗာပူး ဟာ ဝိုင်နယ်ဒမ် ရဲ့ စာချုပ်သစ် ကိစ္စကို ကို ဖြေရှင်းထားနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ လီဗာပူး ရဲ့ ကွင်းလယ် ကစားသမား စုဖွဲ့မှုဟာ ၊ စာရင်းပိုင်း အရ ကြည့်မယ် ဆိုရင်တော့ ပိုလျှံနေတာ မှန်သော်လဲ အသင်းအတွက် အကျိုးပြုတဲ့ အပိုင်းကနေ ကြည့်လိုက်မယ် ဆိုရင် ဝိုင်နယ်ဒမ် ကို လက်လွှတ်လို့ မရသေးဘူးဆိုတဲ့ အချက်ကို ညွှန်ပြလျှက် ရှိနေပါတယ်။

myan789

နာဘီ ကီတာ ၊ ချန်ဘာလိန် တို့ဟာ ဒဏ်ရာ ပြသနာတွေ နဲ့ အမြဲတမ်း လိုလို ရုန်းကန်နေရတဲ့ သူတွေ ဖြစ်ပြီး ၊ ဝါရင့် ကစားသမားကြီး မေလ်နာ က 35 နှစ် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းအတွက် ဒဏ်ရာ ပြသနာ ကင်းကင်းနဲ့ ကစားပေးနိုင်တဲ့ ကွင်းလယ် ကစားသမား ဆိုလို့ ဝိုင်နယ်ဒမ် တစ်ယောက်ထဲသာ ရှိနေတာ ဖြစ်ပါတယ်။

Sky Sports သတင်း ဌာန ကတော့ လီဗာပူး ဟာ ဝိုင်နယ်ဒမ် အတွက် စာချုပ်သစ် ကို စားပွဲမှာ ချပေးထားခဲ့တာ ကြာပြီ ဖြစ်ပေမယ့် ၊ ကစားသမားဘက်က လက်ခံခြင်း မရှိတာလို့ ဖော်ပြသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နယ်သာလန် ကွင်းလယ် ကစားသမား ရဲ့ လိုအပ်ချက်နဲ့ စာချုပ်သစ်မှာ ပါဝင်နေတဲ့ အချက်အလက်တွေဟာ အလွန်ကို အလှမ်းကွာလွန်းနေတယ်လို့ ဆိုပါတယ်။

ကစားသမား ရဲ့ စာချုပ် သက်တမ်းက ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြား ကလပ်တစ်ခု နဲ့ ဆွေးနွေးခွင့် ရရှိနေသည့်တိုင်အောင် ၊ သူဟာ အန်ဖီးလ်မှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

သတင်းအရတော့ ဝိုင်နယ်ဒမ်ဟာ ကလပ်အသင်းရဲ့ လစာ ပမာဏ အများဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ခွင့်ရဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ သူ့ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ အကြောင်း အကြိမ်ပေါင်း များစွာ ပြောဆိုထားခဲ့ပြီးပါပြီ။ ကစားသမားဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် 17 ပွဲ စလုံးကိုတောင် ပါဝင် ကစားပေးထားတာ ဖြစ်လို့ ၊ အသင်းအတွက် ဘယ်လောက် အရေးတဲ့ သူလဲ ဆိုတာ အဲဒီ ကိန်း ဂဏန်းတွေက ညွှန်ပြလျှက် ရှိနေပါတယ်။

သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေ ထဲမှာ ဘာစီလိုနာ က ထိပ်ဆုံး နေရာက ရှိနေပါတယ်။ နည်းပြ ရော်နယ် ကိုးမန်း ဟာ နယ်သာလန် လက်ရွေးစင် အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ကျော် ကို ခေါ်ယူဖို့ အတွက် တော်တော်လေး ဆန္ဒပြင်းပြနေတာပါ။

သို့သော် ဘာစီလိုနာ ရဲ့ အဆင့်ဟာ စိတ်ဝင်စားတဲ့ အနေအထားထက် မပိုသေးသလို ၊ ကစားသမား ရဲ့ အေးဂျင့်ဆီလဲ တိုက်ရိုတ် ဆက်သွယ်တာမျိုးတွေ မရှိသေးပါဘူး။ ကတ်တလန် ကလပ်တွေ ကတော့ ရွေးကော်ပွဲ အပြီးမှပဲ အဲဒီ ကိစ္စကို ဥက္ကဌသစ် က ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေတယ်လို့ ဖော်ပြလျှက် ရှိနေပါတယ်။

လီဗာပူးဟာ အသင်းရဲ့ အဓိက ကစားသမားတွေ အားလုံးကို ကာလရှည် စာချုပ်တွေ ချုပ်ဆိုထားတာကြောင့် တစ်ပြိုင်နက် အသက်ကြီးသွားတဲ့ ကစားသမား စာရင်း ဖြစ်သွားမှာကို သတိကြီးကြီး နဲ့ ကိုင်တွယ်လျှက် ရှိနေပါတယ်။

လက်ရှိမှာ ဝိုင်နယ်ဒမ် အသက် 30 ပြည့်သွားခဲ့ပြီ ဖြစ်သလို ၊ သူ လိုချင်တဲ့ စာချုပ်သက်တမ်း အတိုင်း ချုပ်ဆိုပေးလိုက်မယ် ဆိုရင်တောင် အသင်းအတွက် Resale ပမာဏ က မျှော်လင့်လို့ မရတော့တာကြောင့် စာချုပ်သစ် ဆွေးနွေးမှုတွေမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ကစားသမား ဘက်ကတော့ သူဟာ လီဗာပူး ဂျာစီ ဝတ်ဆင် ကစားခဲ့ပြီး ဆိုတဲ့ အချိန်က စလို့ ၊ အခုထက်ထိ ဒဏ်ရာပြသနာ ကင်းကင်း နဲ့ အကောင်းဆုံး ကစားပြခဲ့တာမို့ ၊ ထိုက်သင့်တဲ့ လစာ ပမာဏမျိုး ရရှိသင့်တယ်လို့ ယုံကြည်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular