spot_img

ရှော်လ်ကေးအသင်းမှ ခေါ်ယူထားသည့် ကာဘက်ခ်မှာ အနာဂတ်အသင်းခေါင်းဆောင် ဖြစ်လာနိုင်ဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် မှတ်ချက်ပြု

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ရှော်လ်ကေးအသင်းမှ ခေါ်ယူထားသည့် တူရကီလက်ရွေးစင်နောက်ခံလူ ကာဘက်ခ်သည် အနာဂတ်တွင် အသင်းခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်သူဟု ချီးကျူးခဲ့သည်။

လီဗာပူးလ်အသင်းသည် ကာဘက်ခ် (၂၀ နှစ်)ကို အငှားဖြင့်ခေါ်ယူခြင်းအတွက် ပေါင် ၁ ဒသမ ၅ သန်း ပေးချေရမည်ဖြစ်ပြီး ရာသီကုန်တွင် ပေါင် ၁၈ သန်းဖြင့် ခေါ်ယူကာ ငါးနှစ်စာချုပ်ချုပ်ဆိုရန်လည်း သဘောတူညီ မှုရရှိခဲ့ကြောင်း သိရသည်။ ရှော်လ်ကေးအသင်းသည် ကာဘက်ကို ပေါင် ၄၅ သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် ယခုပြောင်း ရွှေ့ကြေးဖြင့် လက်ခံခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

myan789

“သူ(ကာဘက်ခ်)ဟာ ဂျာမနီကို ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်လာပြီး လူတိုင်းကလည်း သူ့မှာ အလွန်ထူးခြားတဲ့အရည်အ သွေးရှိတယ်လို့ လက်ခံထားပါတယ်။ သူက အခုမှာ အသက် ၂၀ အရွယ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ရှော်လ်ကေးအသင်းက ကံမကောင်းစွာ နဲ့ပဲ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါ ကလည်း အပြောင်းအရွှေ့ဖြစ်လာဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်လို့ ယူဆ ပါတယ်။ သူ့လိုကစားသမားတစ်ယောက်အ တွက် တည်ငြိမ်တဲ့အသင်း လိုအပ်ပြီး ဒါကို ကျွန်တော်တို့က ဖန်တီးပေးနိုင်ပါတယ်”ဟု ကလော့ပ်က လီဗာပူးလ်အသင်းဝက်ဘ်ဆိုက် မှတစ်ဆင့် ပြောကြားခဲ့သည်။

လီဗာပူးလ် အသင်းသည် အပြောင်းအရွှေ့နောက်ဆုံး ရက်တွင် ပရက်စတန်အသင်းမှ အသက်(၂၅) နှစ်အရွယ်ရှိ နောက်ခံအတွင်းလူ ဘင်ဒေးဗီးစ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် နှစ်သန်းဖြင့် ခေါ်ယူခဲ့ပြီး ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ ကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular