ပြီးခဲ့တဲ့ရက်သတ္တပတ်တွင် နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိဖို့အတွက် အသင်းကို နည်းပြ မာရက်စ်ကာက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ၂၀၂၄ ခုနှစ်ကို ဖူလ်ဟမ်နှင့် အင်းဆွစ်တောင်းတို့အားရှုံးနိမ့်ကာ ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။
သို့သော်လည်း မာရက်စ်ကာက “လက်ရှိကျွန်တော်တို့ရှိနေတဲ့ နေရာသို့ရောက်ဖို့အတွက် ဒီထဲကတစ်ဦးတစ်ယောက်ကမှ မျှော်လင့်ထားခဲ့တာ မရှိပါဘူး”
“ဒါက သက်သေပြနေတာဖြစ်ပြီး ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းသို့ ဦးတည်နေပြီဖြစ်ကြောင်းကို ကြိမ်ဖန်များစွာပြောခဲ့ဖူးပါတယ်”
“ဒါဟာ ကျွန်တော်တို့ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတွေကို ယှဉ်ပြိုင်ဖို့အတွက် ဝေးကွာနေဆဲဆိုတာကို ပြနေတာပါ” လို့ တိုက်တွန်းပြောကြားထားပါတယ်။
၁၉ ပွဲကစားပြီးနောက် ချဲလ်ဆီးအသင်းဟာ ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာတွင် ရပ်တည်နေပါတယ်။