spot_img

ရော်နယ်လ်ဒို ပြောခဲ့သလို ဆော်ဒီလိဂ်က ပြင်သစ်လိဂ်ရဲ့ အထက်မှာ ရောက်နေပြီလို့ နေမာ ဆို

ဆော်ဒီလိဂ် ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းမှာ ပါဝင်ကစားနေတဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာက ခရစ္စတီယာနို ရော်နယ်လ်ဒို ပြောဆိုထားခဲ့တဲ့ မှတ်ချက်စကားဖြစ်တဲ့ ဆော်ဒီလိဂ်က ပြင်သစ်လီဂူးထက် ပိုကောင်းလာတယ်ဆိုတဲ့ စကားအပေါ် ထောက်ခံပါကြောင်း ဆိုလိုက်ပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှု ရလာအောင် promote လုပ်ပေးနိုင်ခဲ့ပါတယ်။

myan789

ရော်နယ်လ်ဒို ဆော်ဒီကို ရောက်ရှိခဲ့ပြီးနောက် နေမာ ဘန်ဇီမာ မာနေး ကန်တေ ကန်ဆယ်လို မာရက်ဇ် ဖာဘင်ဟို ဖာမီနိုတို့လို ထိပ်တန်း ကစားသမားတွေပါ ဆော်ဒီလိဂ် ကလပ်တွေဆီ ပြောင်းရွှေ့လာခဲ့ပြီး ဆော်ဒီလိဂ်ပြိုင်ပွဲဟာလည်း အားပြိုင်မှုတွေ ပိုမို ပြင်းထန်လာခဲ့ပါတော့တယ်။

Neymar and Ronaldo says Saudi Arabian league is better than French league

ဆော်ဒီလိဂ်ဆီကို စတင် ခြေချခဲ့တဲ့ နာမည်ကြီး ဘောလုံးသမားဖြစ်တဲ့ ရော်နယ်လ်ဒိုက ဆော်ဒီလိဂ်ဟာ ပြင်သစ်လီဂူးထက် ပိုကောင်းတဲ့ လိဂ်တစ်ခု ဖြစ်တယ်ဆိုတာကို (၂)ကြိမ် (၃)ကြိမ်လောက် ပြောဆိုခဲ့ပြီး ဒီလို ပြောဆိုမှုကလည်း ပွဲဆူခဲ့ရပေမယ့် ပီအက်စ်ဂျီနဲ့အတူ ပြင်သစ်လိဂ်မှာ ကစားခဲ့ဖူးတဲ့ နေမာကပါ ရော်နယ်လ်ဒိုရဲ့ မှတ်ချက်စကားကို ထောက်ခံလာခဲ့ပါတယ်။

“ကျွန်တော်လည်း ခရစ္စတီယာနိုရဲ့ ပြောဆိုမှုကို သဘောတူပါတယ်။ အခုဆိုရင် ဆော်ဒီလိဂ်က ပြင်သစ်လီဂူးဝမ်းရဲ့ အထက်မှာ ရှိနေပါပြီ။ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အဆင့်အတန်းက တိုးတက်ကောင်းမွန်လာသလို ဒီက ကစားသမားတွေကလည်း တဖြည်းဖြည်းနဲ့ ကောင်းသထက် ကောင်းလာကြပါတယ်။”

“ဒါပေမယ့် လီဂူးဝမ်းပြိုင်ပွဲမှာကလည်း အားသာချက်တွေ ရှိနေပါတယ်။ အဲ့ဒီပြိုင်ပွဲကလည်း အရမ်းအဆင့်မြင့်တဲ့ အမှတ်ပေးပြိုင်ပွဲတစ်ခုပါပဲ။ ဒါကို ကျွန်တော် ကောင်းကောင်းသိပါတယ်။” လို့ CNN နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ နေမာက အယ်လ်ဟီလာအသင်းမှာ ပျော်ရွှင်နေပေမယ့် သတင်းတွေ ထွက်ပေါ်နေသလို မက်ဆီ ဆွာရက်ဇ်တို့နဲ့အတူ ပြန်လည် ပေါင်းစည်းပြီး ကစားခွင့်ရမယ်ဆိုရင် စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်လို့ပါ ပြောဆိုခဲ့ပါသေးတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular