မန်စီးတီးအသင်းမှ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုက ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုများဖြစ် ပေါ်နေချိန်တွင် မွေးရပ်မြေ ယူကရိန်းကိုထောက်ခံကြောင်း ပြသခဲ့သည်။
ရုရှားသမ္မတ ပူတင်သည် ယူကရိန်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်သား (၁၀၀၀၀)ကျော် တပ်ချထားခြင်းကြောင့် နှစ်နိုင်ငံကြား အခြေအနေတင်းမာလျက် ရှိနေသည်။
ယင်းအချိန်တွင် ဇင်ချန်ကိုက သူ၏ Instagram တွင် ယူကရိန်းနိုင်ငံမြေပုံကိုတင်ကာ ယဉ်ကျေးသည့် တစ်ကမ္ဘာလုံးက မိမိတို့နိုင်ငံ၏အခြေအနေကို စိုးရိမ်ပူပန်နေကြကြောင်း ရေးသားခဲ့သည်။
ရုရှား၏ကျူးကျော်ရန်ခြိမ်းခြောက်မှု မြင့်တက်လာချိန်တွင် ယူကရိန်းဘောလုံးကလပ်အသင်းများသည် ၎င်းတို့၏ လိုဂိုများကို ယူကရိန်းနိုင်ငံ၏အလံတွင်ပါဝင်သည့် အပြာနှင့်အဝါရောင်များ ပြောင်းလဲကာ စုစုစည်းစည်းရှိနေကြောင်း ပြသခဲ့ကြသည်။
ယင်းအစီအစဉ်ကို ယူကရိန်းသမ္မတ ဇီလန်စကီး၏မွေးရပ်မြေကလပ် Kryvbas အသင်းက စတင်ခဲ့ပြီး အခြားအသင်းများကိုလည်း ယင်းသို့ပြုမူရန် စည်းရုံးခဲ့သည်။
ယခုအခါ ဇော်ယာအသင်းက ၎င်းတို့၏ Twitter တွင် လိုဂိုအရောင်ပြောင်းလဲကြောင်း တင်ခဲ့သလို၊ အခြားယူက ရိန်းကလပ်များကလည်း လိုဂိုအရောင်ပြောင်းလဲခဲ့သည်။