ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားသည် ရုရှားအသင်းနှင့်ကစားမည့် အသင်း၏ယူရိုအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် မေလ (၂၉)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ မန်စီးတီး (၀-၁) ချယ်လ်ဆီးပွဲတွင် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါနှင့်ထိခိုက်မိပြီး နှာခေါင်းရိုးကျိုးကာ မျက်ခွံအက်သွားခဲ့သဖြင့် ပွဲဆက်မကစားနိုင်ဘဲ ပွဲချိန်မိနစ် (၆၀)တွင် ဂျေးဇူးနှင့် လူစားလဲခဲ့ရသည်။
ဒီဘရိုင်းနားအနေဖြင့် အဆိုပါဒဏ်ရာကြောင့် မျက်နှာဖုံးတပ်ကစားရမည်ဖြစ်ပြီး ပြန်ကစားနိုင်မည့်အချိန်ကို မပြောနိုင်သေးကြောင်း မာတီနက်ဇ်က ဆိုခဲ့သည်။
မာတီနက်ဇ်က ”ရုရှားအသင်းနဲ့ကစားမယ့် အဖွင့်ပွဲမှာ ဒီဘရိုင်းနား ပါဝင်နိုင်မယ် မထင်ဘူး။ ဒီဘရိုင်းနားအနေနဲ့ ပွဲကစားတဲ့အခါ မျက်နှာဖုံးတပ်ပြီး ကစားပါလိမ့်မယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်အချိန်ကစားနိုင်မယ်ဆိုတာကို အခုအချိန်မှာ မပြောနိုင်သေးပါဘူး” ဟု ဆိုခဲ့သည်။
ဘယ်လ်ဂျီယံအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်(၁၂)ရက်တွင် အိမ်ရှင် ရုရှားအသင်းနှင့် ကစားရမည်ဖြစ်သည်။