ရီးရဲလ်အသင်းစတားအမ်ဘာပေအနေနဲ့ အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုရဲ့ခြေရာကိုလိုက်နင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဘာပေဟာ နွေရာသီတုန်းကပီအက်စ်ဂျီအသင်းထံကအလွတ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးပရိသတ်တွေရဲ့နောက်ထပ်အချစ်တော်တစ်ဦးဖြစ်လာဖို့များနေပါတယ်။
ပြင်သစ်သားတစ်ယောက် စူပါဖလားပွဲမှာရီးရဲလ်အတွက် ပွဲဦးထွက်ဂိုးသွင်းယူနိုင်ခဲ့သလိုလာလီဂါမှာတော့ ၃ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။
စပိန်မြေမှာရီးရဲလ်အတွက် ပထမဆုံးဂိုးကိုဘက်တစ်အသင်းနဲ့ပွဲမှာစတင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
အက်သလက်တစ်ကဖော်ပြတဲ့ အရင်းအမြစ်တစ်ခုကတော့ “ခြေရာလိုက်နင်းမယ့်အနေအထားလား?။မဟုတ်ပါဘူး။ စိုးရိမ်စရာလည်းမဟုတ်ပါဘူး။ ကစားသမားသစ်တစ်ဦးကအသင်းသစ် ၊ နေရာသစ်တစ်ခုမှာအထိုင်ကျဖို့ဆိုတာအချိန်ယူရပါတယ်။ သူလည်းအဲ့တာကိုရှာဖွေနေပါတယ်”လို့ ဆိုပါတယ်။
လေ့ကျင့်ရေးကွင်းနဲ့နီးစပ်တဲ့သူတစ်ဦးက “ဘာပေမှာအတ္တအများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့တာကအခြားအရာတော့မဟုတ်ပါဘူး။ ခရစ္စတီယာနိုကဒီမှာကစားခဲ့ပြီး ဂန္ထဝင်တစ်ဦးဖြစ်ခဲ့တာပါ။
ဒါပေမယ့် ကျွန်တော်ကမြင်တာကတော့ သူကခြားနားတဲ့သူတစ်ဦးပါ။ ရော်နယ်ဒိုခြေရာကိုသူကလိုက်နင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူအရာအားလုံးဖြစ်လာအောင် ကြိုးစားနေပါတယ်။
ကျွန်တော်ကြားတာကတော့ သူက လုံးဝသာမန်ပါပဲ။ မာနလည်းမကြီးသလိုဘာမှမဟုတ်ပါဘူး”လို့ ဆိုပါတယ်။
ဘာပေဟာမက်ဒရစ်မြေမှာအထိုင်ကျဖို့ လုပ်ဆောင်နေပြီးစပိန်စကားကျွမ်းကျင်အောင်လည်းသင်ကြားနေပါတယ်။