spot_img

ရီးရဲလ်မက်ဒရစ်က အကောင်းဆုံးအချိန်ကို ရောက်လုနီးနေပြီလို့ ယုံကြည်နေတဲ့ အန်ဆယ်လော့တီ

ဂျီရိုနာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ၎င်းတို့ရဲ့အကောင်းဆုံးပုံစံသို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း အန်ဆယ်လော့တီက ယုံကြည်နေပါတယ်။ ဘယ်လင်ဂမ်၊ ဂူလာနဲ့ အမ်ဘာပေ တို့ဟာ စနေနေ့က ဂိုးသွင်းယူနိုင်ခဲ့ပြီး လာလီဂါထိပ်သီးဖြစ်တဲ့ ဘာစီလိုနာနှင့် ၂ မှတ်အကွာသို့ ရောက်ရှိသွားတာဖြစ်ပါတယ်။

အောက်တိုဘာလကုန်က ဘာစီလိုနာကို ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးကတည်းက ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့နောက်ဆုံးလာလီဂါ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိထားပြီး ဗုဒ္ဓဟူးနေ့မှာကစားခဲ့တဲ့ အက်သလက်တစ်ဘီဘာအိုနဲ့ပွဲ တစ်ပွဲတည်းကိုသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အန်ဆယ်လော့တီက သူ့အသင်းက အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနေတယ်လို့ ခံစားမိနေပါတယ်။

myan789

“ဘယ်လင်ဂမ်က သူ့ရဲ့ ၅ ဂိုးမြောက်ဂိုးကို ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။သူက ပြန်ပြီးတော့ ပုံစံကောင်းရနေပါတယ်။ အမ်ဘာပေလည်း ဂိုးသွင်းခဲ့ပါတယ်” “အဲဒီမှာ မှတ်ထားရမှာက ဖြည်းဖြည်းချင်း ကျွန်တော်တို့ပြန်လာမယ်ဆိုတာပါ” “ဂျီရိုနာက တွန်းအားပေးကစားတာကြောင့် အစပိုင်းမှာ ထိန်းထားခဲ့ရတာပါ။ အကောင်းဆုံးစုပေါင်းပြီးကစားခဲ့ကာ အားသာချက်တွေကို ကောင်းကောင်းထိန်းနိုင်ခဲ့တယ်။ အသင်းက ပိုပြီးရှင်းရှင်းလင်းလင်းနဲ့ အကြံဉာဏ်ကောင်းတွေ ပိုရခဲ့တယ်။ ဒုတိယပိုင်းကတော့ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်” လို့ နည်းပြက ပြောပါတယ်။

တူရကီလူငယ်ကစားသမားလေးက ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုး သွင်းယူခဲ့ပြီး ဂူလာရဲ့ စွမ်းဆောင်ရည်ကိုလည်း အီတလီသားနည်းပြကက ချီးကျူးခဲ့ပါတယ်။ အန်ဆယ်လော့တီက “ပထမပိုင်းမှာ သူကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကောင်းမွန်တဲ့ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်”

Ancelotti believes Real Madrid are close to their best time

“ကျွန်တော် အသားပေးပြောပြချင်တာက သူ့ရဲ့လုပ်အားနှုန်းပါ။ သူက အများကြီး ပြေးလွှားခဲ့ပြီး အသင်းကို ကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်က သူ့ကို ဖိအားနည်းနည်းပေးခဲ့တာပါ” “သူ့ရဲ့ပတ်ဝန်းကျင်မှာ ဖိအားတွေ အများကြီးရှိတဲ့ လူငယ်ကစားသမားဖြစ်ပြီး ဖိအားနည်းနည်းလောက် လွတ်သွားဖို့က သူ့အတွက် ကောင်းပါတယ်” လို့ နည်းပြက ပြောပါတယ်။

ဘယ်လင်ဂမ် ဒဏ်ရာရရှိခဲ့တာက ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာဖြစ်စေခဲ့ပေမယ့် အန်ဆယ်လော့တီကတော့ အားလုံးရဲ့ စိုးရိမ်မှုတွေကို လျော့ပါးစေခဲ့ပါတယ်။ “ဘယ်လင်ဂမ်က ကောင်းနေပါတယ်။ မန်ဒီက ကြွက်သားဒဏ်ရာရရှိခဲ့ပေမယ့် ကျန်တာတွေကတော့ အေးဆေးပါပဲ၊ ဘာမှမဟုတ်တော့ပါဘူး” လို့ အီတလီသားနည်းပြက ပြောပါတယ်။

အမ်ဘာပေရဲ့သွင်းဂိုးဟာ ထိပ်တန်းလိဂ် ၅ ခုတွင် သူ့ရဲ့ ဂိုး ၂၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်ကလည်း တစ်ရာသီတည်းတွင် လိဂ်ပွဲ ၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular