spot_img

ရီးယဲလ်မက်ဒရစ်နှင့်ပွဲတွင် ဝေဖန်ခံခဲ့ရသည့် အသင်းတိုက်စစ်မှူး ဟော်လန်းကို ဂွါဒီယိုလာ ကာကွယ်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းနှင့် (၁-၁) ဂိုးဖြင့် သရေကျသည့်ပွဲတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသည့် အသင်းတိုက်စစ်မှူး ဟော်လန်းဘက်မှ ကာကွယ်ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ဟော်လန်းသည် ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၄၇)ပွဲတွင် (၅၁)ဂိုးအထိ သွင်းယူထားသူဖြစ်သည်။

myan789

သို့သော် ၎င်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ဘာနေဗျူးကွင်းတွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပွဲစဉ်၌ အိမ်ရှင် ရီးယဲလ်ခံစစ်ကို ကျော်ဖြတ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ပွဲအပြီးတွင် ဘောလုံးပရိသတ်အချို့က ဟော်လန်းကို လူမှုကွန်ရက်များတွင် ဝေဖန်ခဲ့ရပြီး တစ်ပွဲလုံးတွင် အညံ့ဆုံးကစားသမားဟုပင် မှတ်ချက်ရေးသားခဲ့ကြသည်။

သို့သော် ဂွါဒီယိုလာက ဟော်လန်းအနေဖြင့် ဂိုးမသွင်းနိုင်ခဲ့သော်လည်း အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း ပွဲအပြီးတွင် ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရီးယဲလ်အသင်းရဲ့ ခံစစ်အတွင်းနှစ်ယောက်က ဟော်လန်းကို အပိုင်ကပ်ကစားသွားတာကြောင့် သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ ပြီးတော့ ရီးယဲလ်ကွင်းလယ်လူတွေကလည်း သူ့ကို သတိထားကစားခဲ့တာပါ။ ဒါပေမဲ့ ဟော်လန်းအနေနဲ့ ဒီပွဲမှာ ရွှေ့လျားကစားမှုတွေ ကောင်းမွန်ခဲ့ပြီး ဂိုးရနိုင်တဲ့အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular