ပြင်သစ်ထိပ်သီး PSG အသင်းသည် ရီးယဲလ်အသင်း၏ပစ်မှတ်ဖြစ်သည့် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ခေါ်ယူရန်ဆွေးနွေးနေကြောင်း စပိန် အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
သြစတြီးယားနောက်ခံလူ အလာဘာ(၂၈ နှစ်)သည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် အသင်းမှထွက်ခွာမည်ဟု အတည်ပြုထားသူဖြစ်သည်။
ရီးယဲလ်အသင်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ် ရှိနေသည့် ရာမို့စ်နေရာတွင် အစားထိုးရန်အတွက် အလာဘာကို ခေါ်ယူလိုနေသော်လည်း PSG အသင်းက ဆွေးနွေးနေပြီဖြစ်ကြောင်း သိရှိရသည်။
အလာဘာသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒစ်လီဂါ ပွဲစဉ် ၂၂ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူပေးထားသည်။