မန်စီးတီးအသင်းသည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။
ရာမို့စ်သည် ဇွန်(၃၀)တွင် ရီးယဲလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်သောကြာနေ့၌ ဆွေးနွေးမှုပြုလုပ်ကာ သက်တမ်းတိုး၊ မတိုး ဆုံးဖြတ်မည်ဖြစ်သည်။
ထို့ကြောင့် မန်စီးတီးအသင်းက အခြေအနေကို စောင့်ကြည့်နေပြီး ရီးယဲလ်နှင့် လမ်းခွဲခဲ့ပါက (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ရာမို့စ်သည် ပြီးခဲ့သည့်ရာသီက ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသလို၊ ယူရိုပြိုင်ပွဲဝင်မည့် စပိန်လက်ရွေး စင် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသော်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရာမို့စ် (၃၅ နှစ်)၏ ခေါင်းဆောင်မှုစွမ်းရည် ကို သဘောကျသည့်အတွက် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရသည်။