ယခုနွေရာသီတွင် ရိုးမားအသင်းနှင့်လမ်း ခွဲတော့မည့် ပေါ်တူဂီလူမျိုးနည်းပြ ပေါ်လိုဖွန် ဆီကာ (၄၈ နှစ်)အား နည်းပြသစ်အဖြစ်ခန့် အပ်ရန် ပရီးမီးယားလိဂ်ကလပ် စပါးအသင်း နှင့် ဝုလ်ဗ်အသင်းတို့က အပြိုင်စိတ်ဝင်စားနေ ကြကြောင်း သိရှိရသည်။
ဖွန်ဆီကာသည် ရာသီကုန်တွင် ရိုးမားအသင်းနှင့် လမ်းခွဲမည်ဟု ကြေညာခဲ့ပြီး သူ၏နေရာသို့ စပါးအသင်း နည်းပြဟောင်း မော်ရင်ဟိုက အစားထိုးဝင် ရောက်လာတော့မည်ဖြစ်သည်။
စပါးအသင်း ဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီသည် ဖွန်ဆီကာအား ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိနေပြီး ယခုအခါ ဝုလ်ဗ်အသင်းကလည်း ၎င်းကိုခေါ်ယူရန်စောင့် ကြည့်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဝုလ်ဗ်အသင်း၏ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်တိုသည် အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်သဖြင့် ပေါ်တူဂီကစားသမားအများအပြားရှိသော ဝုလ်ဗ်အသင်းအနေဖြင့် ဖွန်ဆီကာကို ခေါ်ယူလိုနေခြင်းဖြစ်သည်။