spot_img

ရိုးမားနည်းပြအဖြစ်ခန့်အပ်ခံရရန် ဆာရီ ရေပန်းစား

နာပိုလီ၊ ချယ်လ်ဆီးနှင့် ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း ဆာရီသည် ရိုးမားအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရရန် ရေပန်းစားနေကြောင်း သိရသည်။

လက်ရှိနည်းပြ ပေါ်လိုဖွန်ဆီကာသည် ရိုးမားအသင်းကို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိအောင် ပို့ဆောင်ထားနိုင်သလို၊ သူ့လက်ထက်တွင် တိုးတက်မှုများရှိလာသော်လည်း အနာဂတ်မရေမရာဖြစ်နေသည်။

myan789

ပေါ်လိုဖွန်ဆီကာသည် ရိုးမားအသင်းမှ ကစားသမားအချို့နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်နေပြီး ယင်းဖြစ်ရပ်ကြောင့် ရိုးမားအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရိုးမားအသင်း ဒါရုုိက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သော တီယာဂိုပင်တိုနှင့် ဆာရီ၏အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီတို့ ဆုံတွေ့ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဆာရီသည် ရိုးမားနည်းပြသစ်အဖြစ် ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။

ရိုးမားအသင်းသည် ဆာရီအပြင် အခြားဂျူဗင်တပ်စ်အသင်းနည်းပြဟောင်းဖြစ်သည့် အယ်လီဂရီကိုလည်း နည်းပြသစ်အဖြစ်ခန့်အပ်ရန် ချဉ်းကပ်မှုများပြုလုပ်လျက်ရှိကြောင်း Gazetta dello Sport က ဖော်ပြခဲ့သည်။

အယ်လီဂရီသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၁၉ ခုနှစ်တွင် လမ်းခွဲပြီးနောက် နည်းပြလောကထဲသို့ ပြန်လည်ဝင်ရောက်ခွင့်မရရှိသေးဘဲ အသင်းလက်မဲ့ဖြစ်နေသည်။

ဆာရီနှင့် အယ်လီဂရီတို့သည် ဂျူဗင်တပ်စ်အသင်းနှင့်အတူ အောင်မြင်မှုများရယူနိုင်ခဲ့သူများလည်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular