spot_img

ရိုနယ်ဒို ဟာ ကိုကာကိုလာ ပုလင်းတွေပဲ ရွှေ့တတ်တာမဟုတ်ဘူးလို့ အသင်းသားတွေကို သတိပေးခဲ့တဲ့ ဂျိုအာချင်လို

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ကိုကာကိုလာ အကြောင်းကတော့ ခုထက်ထိ မပြီးနိုင်သေး ပါဘူး ။ ဟန်ဂေရီ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ စားပွဲပေါ်က ကိုလာ ပုလင်း ၂ လုံးကို ဖယ်ပြီး ရေပုလင်းကို ကိုင်ကာ “ရေသောက်ပါ” လို့ ပြောဆို ခဲ့တဲ့ ရိုနယ်ဒို ရဲ့ အပြုအမူ ဟာ တစ်ကမ္ဘာလုံးက ဘောလုံး ပရိသတ်တွေထံ ပြန့်နှံ့ သွားခဲ့ပြီး ယူရို ပြိုင်ပွဲရဲ့ Trend တစ်ခုလို ဖြစ်လာခဲ့တာကြောင့် ပြိုင်ပွဲ တာ၀န်ရှိသူတွေ နဲ့ UEFA က ပုလင်းတွေ ဟိုရွှေ့ ဒီရွှေ့ မလုပ်ဖို့ သတိပေးရတဲ့ အထိ ဖြစ်လာစေခဲ့ ပါတယ် ။

အခု တစ်ခါ မှာလည်း ဂျာမနီ လက်ရွေးစင် နည်းပြကြီး ဂျိုအာချင်လို က ရိုနယ်ဒို နဲ့ ကိုကာကိုလာ ကို ယှဉ်တွဲ ပြောဆို လာခဲ့ပြန် ပါတယ် ။ ဒါပေမယ့် ကိုကာကိုလာ ပုလင်းတွေ ဖယ်တဲ့ ကိစ္စမဟုတ်ဘဲ ပေါ်တူဂီ တိုက်စစ်မှူးကြီး ရဲ့ အရည်အသွေး နဲ့ ပတ်သက်လို့ ပြောဆိုရာမှာ ထည့်သွင်း ခဲ့တာပဲ ဖြစ်ပါတယ် ။

myan789

ဂျာမနီ ဟာ ဒီကနေ့ ညမှာ ပေါ်တူဂီ အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ပထမ ပွဲစဉ်ကို ရှုံးနိမ့် ထားတဲ့ ဂျာမနီ အတွက် နောက်တစ်ဆင့် တက်နိုင်ဖို့ ဒီပွဲမှာ ရလဒ်ကောင်း ရရှိဖို့ လိုအပ် နေတာပဲ ဖြစ်ပါတယ် ။ ပေါ်တူဂီ ကတော့ အဖွင့်ပွဲမှာ ဟန်ဂေရီ ကို ဂိုးပြတ် နိုင်ထားခဲ့ပြီး ဒီညမှာ ၁ မှတ် ရရုံနဲ့ နောက်တစ်ဆင့် တက်ဖို့ အလားအလာ ကောင်းနိုင်ဖွယ် ရှိနေပါတယ် ။

ရိုနယ်ဒို ကတော့ ဟန်ဂေရီ နဲ့ ကစားခဲ့တဲ့ ပွဲမှာ ပေါ်တူဂီ အတွက် ၂ ဂိုး သွင်းပြီး ယူရို သမိုင်းရဲ့ ဂိုးသွင်း အများဆုံး ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။ ဒါပေမယ့် ဂျိုအာချင်လို ကတော့ ပေါ်တူဂီ မှာ ရိုနယ်ဒို တစ်ယောက်တည်း ရှိတာမဟုတ်ကြောင်း ပြောဆို ခဲ့သလို ရိုနယ်ဒို ရဲ့ အရည်အသွေးကိုလည်း မေ့ပျောက် မထားသင့်ကြောင်း သူ့ရဲ့ ကစားသမားတွေကို သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

“ရှေ့ပွဲတုန်းက ခံစစ်ကို အရမ်းအားစိုက်ဖို့ ကျွန်တော်တို့ လုပ်မိသွားခဲ့ ပါတယ် ။ ဒီညမှာ ဒါကို ပြောင်းလဲ သွားမှာပါ ။ ပြိုင်ဘက် အသင်းရဲ့ ဧရိယာ ထဲကိုလည်း ပိုပြီး ထိုးဖောက် နိုင်ဖို့ အတွက် စွန့်စားသင့်တဲ့ အပိုင်းလေးတွေ ကိုလည်း စွန့်စား သွားဖို့ လုပ်ထားပါတယ် ။ ဒီပွဲမှာ ပရိသတ်တွေကို ကျေနပ်စေမယ့် ရလဒ်မျိုး ထွက်ပေါ် လာဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ”

“ပေါ်တူဂီ မှာ ရိုနယ်ဒို တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး ။ ထိပ်တန်း အဆင့် ၄-၅ ယောက်လောက် ထပ် ရှိပါသေးတယ် ။ ပြီးတော့ ရိုနယ်ဒို ကလည်း ကိုကာကိုလာ ပုလင်းတွေ ဖယ်တာထက် ပိုပြီး လုပ်ပြ နိုင်တဲ့သူပါ ။ ဒါကြောင့် ဒီညမှာ ဘယ်သူ့ကိုမှ အလွတ်ပေးလို့ မဖြစ်ပါဘူး”

“ပြိုင်ဘက် အသင်းမှာ ပွဲကို အပြောင်းအလဲ လုပ်နိုင်တဲ့ သူတွေပါတာကို မေ့ထားလို့ မရပါဘူး ။ သူတို့ကို ဘောလုံးပေးကိုင်ထားမယ် ဆိုရင် သိပ်ကို မိုက်မဲရာ ကျသွားမှာပါ” လို့ ဂျိုအာချင်လို က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။ ဆက်လက်ပြီး ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာ ဟာ ပြန်လည် ကစားပေး နိုင်ပြီ ဖြစ်ပေမယ့် ဒဏ်ရာကြောင့် ၆ ပတ်လောက် နားထားရသူ တစ်ယောက် ဖြစ်တာကြောင့် မိနစ် ၉၀ ပြည့် ကစားနိုင်မှာ မဟုတ်သေးကြောင်းလည်း နည်းပြကြီးက ပြောဆို သွားခဲ့ ပါတယ် ။

ဒီကနေ့ည ပွဲကိုတော့ ပရီးမီးယားလိဂ် ဒိုင်လူကြီး အန်တိုနီ တိုင်လာ က တာ၀န်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပြီး မြန်မာ စံတော်ချိန် ည ၁၀း၃၀ နာရီ မှာ ယှဉ်ပြိုင် ကစား သွားကြမှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular