လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အန်ဖီးလ်ကွင်း က သရေပွဲ အပြီး မှာတော့ ဘရူနို ဖာနန်ဒက်စ် နဲ့ ပတ်သက်ပြီး ပြောစရာလေးတွေ ရှိလာခဲ့ ပါတယ် ။ အင်္ဂလန် ကို ရောက်လာ အပြီး ၁ နှစ် မပြည့်ခင် မှာပဲ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ၄ ကြိမ် ရယူကာ စံချိန်တင် ခဲ့တဲ့ ပေါ်တူဂီသား ဟာ မနေ့ ညက ပွဲမှာတော့ ခြင်္သေ့တွေ အလယ်က ကြောင်ပေါက်လေး တစ်ကောင်လို ဖြစ်နေ ခဲ့ပါတယ် ။ ဒါဟာ ဖာနန်ဒက်စ် အတွက် ပထမဆုံး အကြိမ် မဟုတ်တော့ ပါဘူး ။
မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်လာပြီး ကတည်းက ဖာနန်ဒက်စ် ဟာ ချန်ပီယံ ပြိုင်ဘက် အသင်းကြီးတွေ နဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲတွေ မှာ ခြေစွမ်း မပြနိုင် ခဲ့တာ အစဉ်အလာ တစ်ခုလို ဖြစ်နေ ခဲ့ပါပြီ ။ အာဆင်နယ် ၊ မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ စပါး တို့ နဲ့ ပွဲတွေ အများကြီး မှာ ဖာနန်ဒက်စ် ၁ ဂိုးသာ သွင်းနိုင် ခဲ့ ပါတယ် ။
ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ၈၈ မိနစ် မှာ ဖာနန်ဒက်စ် ကို လူစားလဲမှု နဲ့ ပတ်သက်ပြီး ပေါ်တူဂီသား ဘက်ကနေ ကာကွယ်ပေးသွားခဲ့ ပါတယ် ။ ဒါပေမယ့် ဆိုးရှား ပြောသလို ဖာနန်ဒက်စ် ဟာ ပွဲဆက်များလို့ ပင်ပန်းနေတယ် ဆိုတာထက် အသင်းကြီးတွေ နဲ့ ဆုံတွေ့ချိန်မှာ သူ့ရဲ့ ယုံကြည်ချက် လျော့ကျနေမှုက ပိုပြီး အဓိက ကျခဲ့တယ်လို့ ဆိုရမှာပါ ။
မနေ့ညက ပွဲမှာလည်း ဖန်တီးမှု ၊ နေရာယူ ရွှေ့လျားမှု ၊ ဆုံးဖြတ်ချက် တွေ အားနည်း ခဲ့သလို ကာယပိုင်း ကလည်း လီဗာပူး က ဘယ် ကစား သမားကိုမှ ယှဉ် မကစား နိုင်ခဲ့ ပါဘူး ။ ဘောလုံး ပေးမှားမှု ၁၉ ကြိမ် အထိ ရှိခဲ့ပြီး အောင်မြင်တဲ့ ပေးပို့မှု က ၆၃% သာ ရှိခဲ့ ပါတယ် ။
ဖာနန်ဒက်စ် နဲ့ ပတ်သက်ပြီး ပထမပိုင်း မှာ ဂိုးတိုင်နားက ကပ်ထွက် သွားတဲ့ ဖရီးကစ် တစ်ကြိမ်သာ အမှတ်ပေး ချင်စရာ ဖြစ်ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာ ဂိုးရမယ့် အပိုင်အခွင့် အရေး ကိုလည်း ဝင်အောင် မသွင်း နိုင်ခဲ့ပါဘူး ။ အဲလစ်ဆွန် ဘက်ကာ ကာကွယ် ခဲ့တာ မှန်ပေမယ့် ဂိုးအောင် သွင်းနိုင်ခဲ့သင့် တာပါ ။ ဒီနေရာမှာ ရိုနယ်ဒို ဆိုရင် ဂိုးဖို့ အလားအလာ ပိုရှိနိုင် ပါတယ် ။
ဘာလို့ ဖာနန်ဒက်စ် ကို ရိုနယ်ဒို နဲ့ နှိုင်းယှဉ် ရတာလဲ . . . အကြောင်းတွေ ရှိပါတယ် ။ သူတို့ ဟာ ပေါ်တူဂီ သားတွေ ဖြစ်သလို စပို့တင်း လစ္စဘွန်း ကနေ ပြောင်းလာတာချင်းလည်း တူကြပါတယ် ။ ဘရူနို မန်ယူနိုက်တက် ကို ပြောင်းဖို့ ရိုနယ်ဒို က ထောက်ခံ တိုက်တွန်း ခဲ့တာ ဖြစ်သလို ဖာနန်ဒက်စ် ကလည်း ရောက်ရောက်ချင်း မှာပဲ ခြေစွမ်းပြ နိုင်ခဲ့ ပါတယ် ။
ဒါပေမယ့် ရိုနယ်ဒို လို ဖြစ်ဖို့ ဆိုရင်တော့ အသင်းကြီး နဲ့ ကစားရတဲ့ ပွဲတွေ မှာ အသင်းကို ဦးဆောင် ကစားနိုင်တဲ့ သူ ဖြစ်နေဖို့ လိုအပ် ပါတယ် ။ ရိုနယ်ဒို ယူနိုက်တက် မှာ ကစား ခဲ့တဲ့ နောက်ဆုံး ၃ ရာသီမှာ ပေါ်တူဂီသား ဟာ အသင်းကြီး အသင်းငယ် မရွေး ပြိုင်ဘက် နောက်ခံလူတိုင်း ကြောက်ရတဲ့ ကစား သမား ဖြစ်ခဲ့ ပါတယ် ။
ဖာနန်ဒက်စ် မှာ အဲ့ဒိလို အရှိန်အဝါ နဲ့ ခြေစွမ်းမျိုး မရှိသေး ပါဘူး ။ မနေ့ညက ပွဲမှာ ပေါ့ဘာ က သူ ဟာ ဘာကြောင့် ကမ္ဘာ့ အဆင့် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံ ထားရသလဲ ဆိုတာကို ဖာနန်ဒက်စ် သိအောင် ပြသွားနိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ ကစားကွက် အသက်သွေးကြော အဖြစ် ရှိပေးခဲ့သလို တစ်ကွင်းလုံး ကို လိုက် ကစားပြီး စစ်မှန်တဲ့ ခေါင်းဆောင်မှု အရည်အသွေးကို ပြသသွားခဲ့ ပါတယ် ။ ဒါတွေကို ဖာနန်ဒက်စ် သင်ယူရဦး မှာပါ ။
ဖာနန်ဒက်စ် ဟာ ကစား သမား ကောင်း တစ်ယောက်ပါ ။ အရည်အသွေး ကောင်းတွေ အများကြီး ရှိပါတယ် ။ ဂိုးလည်း သွင်းနိုင်သလို ဂိုးဖန်တီးမှု လည်း လုပ်နိုင် ပါတယ် ။ နိုင်လိုစိတ်လည်း ပြင်းသလို ယူနိုက်တက် အတွက်လည်း မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်ခဲ့ တာပါ ။
ဒါပေမယ့် အမှတ်ပေး ချန်ပီယံ ဆု ကို ရယူဖို့ ဆိုရင်တော့ အသင်းကြီးတွေ နဲ့ ကစားတဲ့ ပွဲတွေမှာပါ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ် ။ ဒီလို ရလဒ်ကောင်းဖို့ ဆိုတာ ပွဲကြီးတွေမှာ ခြေစွမ်းပြ နိုင်တဲ့သူတွေ ၊ ပွဲကြီးတိုးတဲ့ သူတွေ လိုအပ်ပါတယ် ။
လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ဒီလို ကစား သမားမျိုး နည်းနည်းပဲ ရှိပါတယ် ။ အဲ့ဒိအထဲမှာ ဖာနန်ဒက်စ် မပါသေးတာ ကတော့ အသေအချာပါပဲ . . . . . ။