မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပိန်ကွင်းလယ်ကစားသမား ရိုဒရီအနေဖြင့် စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ရမည်ဖြစ်ကြောင်း နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ရိုဒရီသည် အဆိုပါပွဲတွင် ပြိုင်ဘက်ကွင်းလယ်ကစားသမား ဂစ်ဘ်ဝှိုက်နှင့် ဘောလုံးယှဉ်လုရာမှ အချင်းများခဲ့ပြီး ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ထို့ကြောင့် ဂွါဒီယိုလာက ”ပထမပိုင်းအပြီးမှာ စိတ်ခံစားမှုကို ထိန်းချုပ်ဖို့ ကစားသမားတွေကို ကျွန်တော် သတိပေးခဲ့ပါတယ်။ ဒါကို ရိုဒရီ မလုပ်နိုင်ခဲ့ပါဘူး။ ဒီဖြစ်ရပ်ကနေ ရိုဒရီ သင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ရိုဒရီကလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။