spot_img

ရာသီသစ်အတွက် ရည်မှန်းချက် အသစ်တွေကို ထုတ်ပြောပြလိုက်တဲ့ လူးဝစ် ဆွာရက်

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက် က သူဟာ လာမယ့် ရာသီမှာ မက်ဒရစ် ကလပ် နဲ့ အတူ ပိုမို မြင့်မားတဲ့ အောင်မြင်မှုတွေ ကို ရယူ သွားလိုပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဆွာရက် ဟာ ပြီးခဲ့တဲ့ ရာသီ အစမှာ ဘာစီလိုနာ ကနေ အက်သလက်တီကို မက်ဒရစ် ထံ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ၂၀၁၄ နောက်ပိုင်း ဝေးကွာ နေတဲ့ အမှတ်ပေး ဖလားကြီးကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ ရယူပေး ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ဆွာရက် ဟာ ဥရုဂွေး လက်ရွေးစင် အသင်းနဲ့ အတူ ကိုပါ အမေရိက ဖလား ပြိုင်ပွဲကို ပါဝင် ဆင်နွဲဖို့ တောင်အမေရိက ကို ပြန်ရောက်လို့ နေပါတယ် ။ ဒေသခံ သတင်းထောက်တွေ နဲ့ တွေ့ဆုံ မေးမြန်း ရာမှာတော့ ဆွာရက် က သူ့ရဲ့ ရာသီသစ် က ရည်မှန်းချက်သစ်တွေ ကို အခုလိုပဲ ပြောပြ သွားခဲ့ ပါတယ် ။

myan789

“ဘောလုံး ရာသီ တစ်ခုပြီးသွားတိုင်းမှာ ကိုယ့် အနေနဲ့ အဲ့ဒိ ရာသီကို ဘယ်လို အဆုံးသတ် နိုင်ခဲ့သလဲ ဆိုတာကို ပြန်ကြည့်ပြီး ပျော်ရွှင် ခံစား ရပါတယ် ။ လောလောဆယ်တော့ နိုင်ငံ့ အသင်းအတွက်ပဲ အာရုံစိုက် ထားမှာပါ ၊ ဒါပေမယ့် အေတီကို မက်ဒရစ် ကိုလည်း ကျွန်တော် မမေ့ ပါဘူး”

“ဒီအသင်းဟာ ကျွန်တော့ကို တန်ဖိုး ထားခဲ့တဲ့ အသင်းပါ ၊ မက်ဒရစ် မှာ ဆက်နေဖို့ ကျွန်တော့ အတွက် ဘာအခက်အခဲ မှ မရှိဘူး ဆိုတာကို ကလပ် အသင်း က လူတွေကို ကျွန်တော် ပြောပြ ခဲ့ပြီး ပါပြီ ။ ဒီရာသီကို ဖြတ်သန်း ခဲ့ရတာကတော့ တကယ့် အမှတ်တရ ပါပဲ”

“ရာသီသစ် တစ်ခု စတော့မယ် ဆိုတိုင်းမှာ ရည်မှန်းချက်သစ်တွေ အမြဲ ချလေ့ ရှိပါတယ် ။ ပိုကောင်းတဲ့ ၊ ပိုမြင့်တဲ့ အောင်မြင်မှုတွေ ဟာ စိန်ခေါ်မှု အသစ်တွေ ဖြစ်လာမှာပါ ။ ဒီလိုမျိုးနဲ့ပဲ ကျွန်တော်တို့ ရှင်သန် နေကြတာပဲ မလား ၊ အောင်မြင်မှုကို ပျင်းရိမသွား သေးသရွေ့တော့ တစ်ခုပြီး တစ်ခု ထပ်လိုချင် နေဦးမှာပါပဲ”

“ကျွန်တော်တို့ ရဲ့ ရည်မှန်းချက်တွေ က မရပ်သွား သေးပါဘူး ၊ ချန်ပီယံလိဂ် လား ၊ ဘာလို့ မရည်မှန်း နိုင်ရမှာလဲ ၊ ဘာလို့ စိတ်ကူး မယဉ် နိုင်ရမှာလဲ ? ဒီ ဆု ဟာ တကယ့်ကို ပြောင်မြောက် ခမ်းနား လှတဲ့ အောင်ပွဲ ပါ ။ လုံး၀ ထူးကဲတဲ့ အောင်မြင်မှုပါ”

“မဖြစ်နိုင်ဘူး ဆိုတာ ဘာမှ မရှိပါဘူး ၊ ဒီနှစ် ချဲလ်ဆီး ကိုပဲ ကြည့်ပါ ၊ သူတို့ကို ကြည့်ရတာ သိပ်တောင့်တင်းပုံ မရဘူးလို့ လူတွေ ထင်ကြပါတယ် ၊ ဒါကြောင့် သူတို့နဲ့ ဆုံချင် ခဲ့ကြပါတယ် ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ကပဲ အားလုံးကို ကျော်ဖြတ်ပြီး ဗိုလ်စွဲသွား ခဲ့တာပါ” လို့ ဆွာရက် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဘာစီလိုနာ ကို ပြောင်းရွှေ့ လာခဲ့ပြီး ပြိုင်ဘက်သစ် ဖြစ်လာမယ့် အာဂျင်တီးနား တိုက်စစ်မှူး အဂွေရို နဲ့ ပတ်သက်တဲ့ မေးခွန်း ကိုလည်း ဆွာရက် က ဖြေဆို ပေးသွားခဲ့ ပါတယ် ။

“အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင် နေဖို့က အရေးကြီးပါတယ် ။ အဂွေရို ဟာ ထိပ်တန်း အဆင့်မှာ နှစ်ပေါင်း များစွာ ကြာအောင် ရပ်တည် ခဲ့တဲ့ ကစား သမားပါ ။ သူ ရှိနေတဲ့ နေရာတိုင်းမှာလည်း အရေးပါတဲ့ စွမ်းဆောင်မှုတွေကို လုပ်ပြ နိုင်ခဲ့ ပါတယ်”

“အခု သူက ကမ္ဘာ့ အကောင်းဆုံး ကစား သမား ( လီယွန်နယ်မက်ဆီ ) နဲ့ တွဲ ကစားရတော့မှာပါ ။ ဒါက သူ့အတွက် အများကြီး အကျိုး ရှိစေ မှာပါ ၊ သူတို့ ၂ ယောက်က နိုင်ငံ အသင်းမှာလည်း အတူတူ တွဲကစားရမှာပါ ။ ဘာစီလိုနာ အတွက်တော့ ဒါက ကောင်းတဲ့ ကိစ္စပါပဲ” လို့ ဆွာရက် က ပြောဆို သွားခဲ့ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular