ပရီးမီးယားလိဂ် ရာသီသစ်စတင်ရန် နှစ်ပတ်ဝန်းကျင်သာ လိုတော့သော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် ကစားသမားသစ် တစ်ဦးမျှ ခေါ်ယူရခြင်းမရှိသေးကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟော်လန်းအပါအဝင် ထိပ်တန်းကစားသမားအချို့ ပစ်မှတ်ထားနေသော်လည်း အပြီးသတ်ခေါ်ယူနိုင်မှုမရှိသေးခြင်းဖြစ်သည်။
သို့သော် ဂျရူး၊ တိုမိုရီ၊ မိုဆက်စ်၊ ဂူဟီစသည့် ကစားသမားများကို ရောင်းချထားသလို အငှားချထားသူအပါအဝင် ထွက်ခွာသွားသူ (၃၀) ဝန်းကျင်အထိရှိပြီဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီအတွင် အသင်း၏တိုက်စစ်ပိုင်းအတွက် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေသလို၊ ခံစစ်ပိုင်းအတွက်လည်း ဆီဗီလာနောက်ခံလူ ခွန်ဒဲကို ခေါ်ယူလိုနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ (၁၄)ရက်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် အိမ်ကွင်း၌ ကစားရမည်ဖြစ်သည်။