spot_img

ရာသီမကုန်မီ မာစီယဲလ် ပြန်ကစားနိုင်ပါက မိမိအလွန်အံ့အားသင့်မိမည်ဟု ဆိုးလ်ရှား ဆိုခဲ့ပြီး ဘာယီလည်း ကိုဗစ်ဝေဒနာခံစားနေရဟု အတည်ပြု

မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက ဘရိုက်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အသင်းလူစာရင်းတွင် မပါဝင်ခဲ့သည့် မာစီယဲလ်နှင့် ဘာယီတို့နှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုမှုများပြုလုပ်ခဲ့သည်။

မာစီယဲလ်သည် ဒဏ်ရာပြဿနာကြောင့် ယင်းပွဲကို လွဲချော်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိထားကြသော်လည်း ဆိုးလ်ရှားက ဒဏ်ရာအခြေအနေကို ပြောကြားခဲ့ပြီး၊ ဘာယီမှာမူ ကိုဗစ်ကူးစက်ခံထားရသဖြင့် မကစားနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

myan789

ဆိုးလ်ရှားက ”မာစီယဲလ်ရဲ့ ဒဏ်ရာအခြေအနေက ဆိုးပါတယ်။ ဒီရာသီမကုန်ခင် သူ့ကို ကျွန်တော်တို့ ပြန်သုံးခွင့်ရဦးမယ်ဆိုရင် ကျွန်တော် အရမ်းအံ့သြမိမှာပါ။ ကျွန်တော်တို့အသင်းအတွက် အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့တာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မာစီယဲလ်သည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားခဲ့သည့် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်နှင့် ပွဲမှစကာ ရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်မည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံလူ ဘာယီမှာလည်း လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားနေချိန်အတွင်း ကိုဗစ်ကူးစက်ခံခဲ့ရခြင်းဖြစ်ကာ ဆိုးလ်ရှားက ”သူကတော့ ကျွန်တော်တို့အသင်းနဲ့အတူ ကာလအနည်းငယ်လောက် လွဲချော်ပါလိမ့်မယ်။ သူက ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရပြီး အခုအချိန်အထိ အင်္ဂလန်ကို ပြန်မရောက်လာသေးပါဘူး”ဟု ပြောကြားခဲ့သည်။

မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်မှာလည်း ဘရိိုက်တန်အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာကြောင့် (၇၂)မိနစ်တွင် လူစားလဲခဲ့ရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular