PSG အသင်း၏အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက ရာမို့စ်အား ခေါ်ယူခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုဖြစ်နိုင်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
PSG အသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် စပိန်ဝါရင့်နောက်ခံလူ ရာမို့စ် (၃၅ နှစ်) ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခဲ့သည်။ ရာမို့စ်သည် PSG အသင်း တွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ ငါးပွဲသာ ကစားထားရသေးသည်။
ထို့ကြောင့် လီယိုနာဒိုက “ကျွန်တော်တို့ ရာမို့စ်ကို ခေါ်တုန်းက ကြံ့ခိုင်မှုကောင်းပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒီရာသီမှာ ငါးပွဲပဲ ကစားထားရသေးတာပါ။ သူ့အနေနဲ့ ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ပေမဲ့ ကံမကောင်းခဲ့ပါဘူး။ အခုအခြေအနေက သူ့အတွက်ရော အားလုံးအတွက်ပါ ခက်ခဲပါတယ်။ သူ့ကိုခေါ် ခဲ့တာ မှားယွင်းမှုတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အဲဒီအတွက် တာဝန်ယူဖို့ မကြောက်ပါဘူး”ဟု ပြောကြားခဲ့သည်။