spot_img

ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုအချိန်မှစ၍ ဘောလုံးအတွက် ဦးစားပေးရန် လိုအပ်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှား တိုက်တွန်း

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒဏ်ရာမှသက်သာလာပြီဖြစ်သည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုအချိန်မှစ၍ ဘောလုံးအတွက် ဦးစားပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယခုလကုန်တွင် အသက် ၂၄ နှစ်ပြည့်မည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ် ဖို့ဒ်သည် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ စာသင်ကျောင်းများ၌ အခမဲ့စားသောက်ခွင့် ရရှိရေး၊ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုတိုက် ဖျက်ရေး စသည့် ကွင်းပြင်ပလူမှုရေးလုပ်ငန်း များကြောင့် ထင်ရှားကျော်ကြားပြီး ပြီးခဲ့သည့် နှစ်အတွင်း ဗြိတိန်ဘုရင်မကြီးချီးမြှင့်သော  ဘွဲ့ရရှိထားသလို ယခုလအတွင်းမှာပင် မန်ချက်စတာတက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ဆွတ်ခူးရရှိထားသည်။

myan789

“သူက ဘောလုံးသမားတစ်ယောက်အတွက် အကောင်းဆုံးအသက်အရွယ်ကို ရောက်လာပါပြီ။ သူ့အတွက် မန်ချက်စတာယူနိုက်တက်မှာ စိန်ခေါ်မှုတစ်ခုရှိသလို အင်္ဂလန်အတွက် ကစားဖို့ဆိုတဲ့ စိန်ခေါ်မှုတစ်ခုလည်း ရှိပါတယ်။ မားကပ်စ်က အရမ်းထူးခြားပြီး ကောင်းမွန်တဲ့ကိစ္စတချို့ကို လုပ်ထားတဲ့ သူပါ။ ဒါပေမဲ့ အခုအချိန်မှာ သူ့အတွက် ဘောလုံးကို ဦးစားပေးဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူ့ဆီကနေ လိုချင်တာတွေ အများကြီးရှိတယ်ဆိုတာ မားကပ်စ်လည်း သိပါတယ်။ ဒါပေမဲ့ သူ့ကို အရင်အတိုင်းပြန် ဖြစ်လာစေဖို့ အချိန်တော့ ပေးရမှာပါ” ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ထို့ပြင် ဂန္ထဝင်နည်းပြ ဖာဂူဆန်က နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ အဲဗာတန်နှင့် သရေကျသည့်ပွဲ၌ စီရော်နယ်လ်ဒိုကို အရန်အဖြစ်သာ အသုံးပြုခြင်းနှင့်ပတ်သက်၍ အတောင့်တင်းဆုံးလူစာရင်းကို အမြဲအသုံးပြု သင့်ကြောင်း မှတ်ချက်ပြုပြောကြားထားခြင်း အပေါ် ဆိုးလ်ရှားက “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အတွက် ဘာပြဿနာမှမရှိပါဘူး။ သူ့ဆီမှာလည်း ကိုယ်ပိုင်ထင်မြင်ယူဆချက်ရှိပြီး သူယုံကြည်တာကို လူတွေကိုပြောပြလို့ ရပါတယ်။ ဒီကိစ္စက ကျွန်တော့်ကို အနှောင့်အယှက်မဖြစ်ဘူးဆိုတာ ဆာအဲလက်စ်လည်း သိပါတယ်။ ကျွန်တော်တို့အားလုံးက ခရစ္စတီယာနိုကို မြင်ချင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ပြိုင်ဘက်ကင်းတဲ့သူမို့ပါ။ ဒါ ပေမဲ့ သူ့အနေနဲ့ ကြံ့ခိုင်မှုအရ၊ လူသားတစ် ယောက်သဘာဝအရ ပွဲတိုင်းကစားဖို့တော့ မဖြစ်နိုင်ပါဘူး” ဟု တုံ့ပြန်ပြောကြားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular