spot_img

ရန်းနစ်ပြီးနောက် ခန့်အပ်မည့်နည်းပြသစ်ကို သဘောမကျပါက မန်ယူအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာဖွယ်ရှိ

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် လက်ရှိယာယီနည်းပြ ရန်းနစ်ပြီးနောက် မန်ယူအသင်း ခန့်အပ်မည့် နည်းပြသစ်ကို သဘောမကျပါက လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

အသက် ၃၆ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ ကာလကမှ ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ် ချုပ်ဆို ထားသူဖြစ်သည်။ သို့သော် စီရော်နယ်လ်ဒို အနေဖြင့် ၎င်း၏စွမ်းရည်ကို အကောင်းဆုံး အသုံးချနိုင်မည့် နည်းပြအား မန်ယူအသင်း ခန့်အပ်နိုင်ခြင်းမရှိလျှင် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း ဗြိတိန်သတင်းစာ The Daily Starက ဖော်ပြခဲ့သည်။

myan789

မန်ယူအသင်းသည် ယခုရာသီတွင် ရလဒ်များဆိုးရွားပြီး ရုန်းကန်နေရခြင်းကြောင့် ၂၀၂၁ နိုဝင်ဘာတွင် အသင်းနည်းပြ ဆိုးလ်ရှားကို ရာထူးမှထုတ်ပယ်ကာ နာမည်ကျော် တစ်ဦးဖြစ်သည့် ရန်းနစ်ကို ယခုရာသီကုန် အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် ရန်းနစ်လက်ထက်တွင်လည်း မန်ယူအသင်းမှာ ရုန်းကန်နေရဆဲဖြစ်ပြီး ဆိုးလ်ရှား လက်ထက်တွင် ခြေစွမ်းပြခဲ့သည့် စီရော်နယ်လ်ဒိုပါ ခြေစွမ်းပြရန် ရုန်းကန်နေရသည်။

ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ရန်းနစ်၏ နည်းစနစ်များကို သဘောမကျဖြစ်နေပြီး ၎င်းအား အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်ရန် အလိုရှိနေကြောင်း သိရသည်။ မန်ယူကစားသမားများသည် လာမည့်ရာသီတွင် PSG နည်းပြ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular