အာဆင်နယ်အသင်းသည် အဲဗာတန်အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်နှင့် PSG အသင်းမှ နယ်သာ လန်ကွင်းလယ်ကစားသမား ၀ိုင်နယ်လ်ဒမ်းတို့ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
အာဆင်နယ်နည်းပြ အာတီတာသည် လာကာဇက်နှင့် အူဘာမီယန်းတို့၏ စွမ်းဆောင်ရည်ကို ကျေနပ်ခြင်းမရှိသောကြောင့် အပြောင်းအလဲလုပ်ရန် ရစ်ချာလီဆန်ကို ချိန်ရွယ်လာခြင်းဖြစ်သည်။
PSG အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် နယ်သာလန်လက်ရွေးစင်ကွင်းလယ်လး ၀ိုင်နယ်လ်ဒမ်းကိုမူ အငှားခေါ်ယူရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
PSG အသင်းကလည်း ၀ိုင်နယ်လ်ဒမ်းကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အငှားချရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် လီဗာပူးလ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဝိုင်နယ်လ်ဒမ်းကို အငှားခေါ်ယူရန် စီစဉ်နေသလို၊ တိုက်စစ်ပိုင်းအတွက် အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။