အာဆင်နယ်တိုက်စစ်မှူးသစ် ဂျေးဇူးက လာမည့်ရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို မြောက်လန်ဒန်ပြိုင်ဘက် စပါးတိုက်စစ်မှူး ရစ်ချာလီဆန်နှင့် အပြိုင်လုလိုကြောင်း ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းဖော်များဖြစ်သည့် ဂျေးဇူးနှင့် ရစ်ချာလီဆန်တို့သည် ယခုနွေတွင် မြောက်လန်ဒန်ဒါဘီပြိုင်ဘက်များဖြစ်သည့် အာဆင်နယ်နှင့် စပါးအသင်းတို့ကို ပြောင်းရွှေ့ခဲ့ ကြသူဖြစ်သည်။
ဂျေးဇူးက ”လာမယ့်ရာသီမှာ ကျွန်တော်တို့ နှစ်ယောက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို အပြိုင်လုရဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရစ်ချာလီဆန်ကို ကျွန်တော် နှစ်သက်လို့ပါ။ သူက ကစားသမားကောင်းတစ်ဦးဖြစ်ပြီး အကောင်းဆုံးဖြစ်ဖို့လည်း ဆုတောင်းပါတယ်။ ကျွန်တော်တို့နဲ့ ကစားတဲ့ပွဲကလွဲလို့ပေါ့”ဟု ပြောကြားခဲ့သည်။