spot_img

ရက်စ်ဟမ်းနဲ့ အဖွင့် ခြေစမ်းပွဲမှာ ချဲလ်ဆီးတို့ သရေကျခဲ့ခြင်း အတွက် မာရက်စ်ကာရဲ့ နုံအတဲ့ ဆုံးဖြတ်ချက် တရပ် အပေါ် ဝေဖန်သွားတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ အမေရိကန် ရာသီကြို ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စတင်ထားပြီး ၊ အဖွင့် ခြေစမ်းပွဲမှာ လိဂ်ဝမ်း တန်းတက်ကလပ် ရက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ခဲ့ရကာ ၊ တဖက် ၂ဂိုးစီ သရေ ရလဒ်သာ ကစားနိုင်ခဲ့ပါတယ် ။

လူမစုံသေးဘူးဆိုပေမယ့် ချဲလ်ဆီးဟာ ရက်စ်ဟမ်းကို အနိုင်ယူလို့ ရတဲ့ ကစားသမားစာရင်း ပိုင်ဆိုင်ထားပါတယ် ။ သို့ပေမယ့် နည်းပြသစ် အန်ဇို မာရက်စ်ကာဟာ အစွန် နောက်ခံလူတွေ Inverted ပြောင်းကစားတဲ့ နည်းစနစ်ကို စတင် အသုံးပြုသွားပြီး ၊ ဒါက ကွင်းလယ်မှာ ဘောလုံးကို ပိုကိုင်ကစားနိုင်ဖို့ အတွက် ဖြစ်ပါတယ် ။

myan789
Chelsea vs Wrexham: Pre-season opener ends in 2-2

တဖက်မှာ ချဲလ်ဆီး ကစားသမား အများစုဟာ ဒီနည်းစနစ်မှာ အသားကျဖို့ အတော်လေး ရုန်းကန်နေရတာကို တွေ့ရပြီး ၊ ဘောလုံး ကိုင်ဖို့ထက် လူပေးမှားတာနဲ့ ဘောလုံး ပျက်နေတာက ပိုများခဲ့ပါတယ် ။ သို့ပေမယ့် မာရက်စ်ကာတော့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရလဒ်ပိုင်းက အားရစရာမကောင်းပေမယ့် ၊ ခြေစွမ်းကိုတော့ ကျေနပ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ယင်းအီတလီသားရဲ့ အဆိုကို မထောက်ခံခဲသလို ၊ မလိုလားအပ်တဲ့ ဘောလုံး ကိုင်ကစားပုံက နုံအတဲ့ ဆုံးဖြတ်ချက် တရပ်သာ ဖြစ်ကြောင်း ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။

လီဘို့ဖ် က ” တခါတလေမှာ အသင်းတွေဟာ ခံစစ်ကနေ တိုက်စစ် တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ဂိုးတွေ ပေးရတတ်ပါတယ် ။ ဒါပေမယ့် ခင်ဗျားဟာ ပေးရတဲ့ အရေအတွက်ထက် ပိုတော့ သွင်းရပါလိမ့်မယ် ။ ”

” ကောင်းပြီ ။ ခံစစ်ကနေ တိုက်စစ် တည်ဆောက်တာက ခင်ဗျား တခုခု ချွတ်ချော်ခဲ့ရင် ဂိုးပေးရတတ်ပါတယ် ။ အဲဒီတော့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က နုံအတဲ့ပုံ ပေါက်သွားပါတယ် ။ ဒါတော့ သေချာပါတယ် ။ ဒါက အမှန်တရားပါပဲ ။ ”

” အန်ဇို မာရက်စ်ကာရဲ့ မှတ်ချက်ကို ကျွန်တော် တပ်အပ် လက်မခံပါဘူး ။ ခင်ဗျားဟာ နောက်တန်းကနေ တိုက်စစ် စတင်ရင်တော့ ဂိုးပိုသွင်းနိုင်ရပါမယ် ။ ဒီလိုမှ မလုပ်နိုင်ရင် အဲလိုမျိုး မချဉ်းကပ်ပါနဲ့ ။ ကျွန်တော်ကတော့ ဒီနည်းစနစ် ကြိုက်တဲ့ ပရိသတ် တယောက် မဟုတ်ပါဘူး ။ ”

” ခင်ဗျားဟာ ပြိုင်ဖက် ကစားသမားတွေကို မောပန်းသွားအောင် လုပ်ပြီး ၊ ဘောလုံး ထိန်းထားချင်တာ ၊ ဘောလုံး လွယ်လွယ်ကူကူနဲ့ မဆုံးရှုံးချင်တာ ကျွန်တော် နားလည်ပါတယ် ။ ဒါပေမယ့် ဒါက အရဲစွန့်ရတဲ့ အလုပ် တခုပါပဲ ။ တခါတလေမှာ ဒါက ကျွန်တော့ အတွက် လိုတာထက် ပိုတဲ့ အရဲစွန့်ခြင်း တခုလို ဖြစ်စေပါတယ် ။ အထူးသဖြင့် ဂိုးသမားနဲ့ ခံစစ်မှူးတွေ အတွက်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ရာသီသစ် အဖွင့်ပွဲမှာ ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားရမှာ ဖြစ်ပြီး ၊ လီဘို့ဖ်က မာရက်စ်ကာရဲ့ နည်းစနစ် အလုပ်ဖြစ်မဖြစ် ဆိုတာ ထိုအချိန်မှာ စတင် အကဲဖြတ်သွားမယ့် အကြောင်း ထပ်ဆောင်း သုံးသပ်သွားပါတယ် ။

Chelsea 2 Wrexham 2, draw in Maresca’s first game, Nkunku scores, inverted full-backs

လီဘို့ဖ် က ” ဒါက အလုပ်မဖြစ်ခဲ့ဘူးဆိုရင် ခင်ဗျား အနေနဲ့ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပြန်ပြင်ပြီး ၊ ‘ အိုကေ ။ ငါ့မှာ ရှိတဲ့ ကစားသမားတွေနဲ့ နောက်တန်းက တဦးချင်း အရည်အသွေးတွေက ငါလိုချင်သလိုမျိုး မစွမ်းဆောင်ပေးနိုင်ဘူး ။ ဒီတော့ ငါတို့ တိုက်စစ်ကို နည်းနည်း ပိုတင်ပြီး ကစားရမယ် ‘ လို့ ပြောနိုင်ရပါမယ် ။ ”

” ဒါပေမယ့် ဒီပွဲတွေက လေ့ကျင့်ရေး အစီအစဉ်သာသာပါပဲ ။ ဒါက ရာသီကြို ကာလပါ ။ ခင်ဗျား လိုချင်သလို စမ်းသပ်နိုင်ပါတယ် ။ ကျွန်တော်တို့ အကဲဖြတ်ရမှာက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာပါ ။ ကျွန်တော်သာဆိုရင်တော့ ဒီလို အရဲစွန့် ကစားပုံမျိုးမှာ အထိုင်ကျဖို့ အတော် ခက်ခဲပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော့ခေတ်က လွန်ခဲ့ပြီပဲ ထင်ပါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular