အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)သည် ယူရို- ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်အတွက် လျှောက်ထားရန်စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
ယူရို-၂၀၂၈ ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုသည့် နိုင်ငံများအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေ (၂၃) ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း UEFA က အောက်တိုဘာ (၁၂)ရက်တွင် ကြေညာခဲ့သည်။
အီတလီနိုင်ငံသည် ၁၉၆၈ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသည်။
ယူရို- ၂၀၂၈ ပြိုင်ပွဲ၏ အိမ်ရှင်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် UEFA က အတည်ပြုကြေညာမည်ဖြစ်သည်။