spot_img

ယူရို-၂၀၂၀ အုပ်စုပွဲစဉ် ပွဲကြိုသုံးသပ်ချက်

တူရကီ – အီတလီ (မြန်မာစံတော်ချိန် ဇွန်လ ၁၂ ရက် နံနက် ၁:၃၀ နာရီ)

ဒီပွဲက အီတလီနိုင်ငံ၊ ရောမမြို့က ရိုးမားအသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အကောင်းဆုံးပုံစံကို ပြသနေတဲ့အသင်းနှစ်သင်းရဲ့ပွဲစဉ်လည်းဖြစ်တယ်။ အီတလီအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ်(၈)ပွဲဆက် နိုင်ပွဲ ရခဲ့တဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်းကလည်း အဲ့ဒီ (၈)ပွဲစလုံး Clean Sheet ယူပြီး အကောင်းဆုံးပုံစံပြသနေတယ်။ ဆိုယွန်ဂျူ၊ ဒီမီရယ်လ်၊ ချာဟာနိုဂလူး၊ ယီလ်မက်၊ အွန်ဒါတို့ရဲ့ တူရကီက ဒီဘက်နှစ်တွေမှာ ဥရောပအကောင်းဆုံး စာရင်းဝင်အသင်းတစ်သင်း အဖြစ် သက်သေပြနေပြီး၊ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လာတာတွေ့ရတယ်။ နှစ်သင်းစလုံးရဲ့ခံစစ်ပိုင်းက အားကောင်းနေပြီး၊ တိုက်စစ်ပိုင်းကတော့ နည်းနည်းလေးလံတယ်။ ဒါပေမဲ့ ကွင်းလယ်မှာတော့ အီတလီက အားပိုကောင်းပြီး အင်တာမီလန်အသင်း နဲ့အတူ တောက်ပလာတဲ့ ဘာရယ်လာရဲ့ ခြေစွမ်းကိုလည်း စောင့်ကြည့်ရမှာဖြစ်တယ်။ မျှော်လင့်ချက်ကြီးကြီးထားတိုင်း အီတ လီက ခြေထဖောက်တတ်ပေမဲ့ အခုအဖွင့်ပွဲကိုတော့ နိုင်ပွဲနဲ့ စဖွင့်မယ်လို့ မျှော်လင့်ရတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular