spot_img

ယူရို-၂၀၂၀ အပြီးတွင် ပြင်သစ်အသင်းမှနုတ်ထွက်ရန် ဘာပေ ပြင်ဆင်ခဲ့ဖူးဟု FFF ဥက္ကဋ္ဌ ဆို

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အသင်းမှ နုတ်ထွက်ရန် ပြင်ဆင်ခဲ့ဖူးသည်ဟု ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌဖြစ်သူ လူဂရက်က ပြောကြားခဲ့သည်။

ဘာပေသည် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ဆွစ်ဇာလန်နှင့်ပွဲတွင် အဆုံးအဖြတ်ပယ်နယ်တီကို ကန်သွင်းရာ၌ ပြိုင်ဘက်ဂိုးသမားမှ ကာကွယ်နိုင်မှုကြောင့် ပြင်သစ်အသင်းမှာလည်း ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရသည်။

myan789

ယင်းပွဲပြီးနောက် ဘာပေကို လူမှုကွန်ရက်များတွင် အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ “ယူရိုပြိုင်ပွဲပြီးချိန်မှာ သူနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ သူ ပယ်နယ်တီလွဲချော်တာနဲ့ လူမှုကွန်ရက်တွေပေါ်က တိုက်ခိုက်မှုမှာ FFF အနေနဲ့ လုံလောက်စွာ မကာကွယ်ဘူးလို့လည်း ခံစားခဲ့ရတယ်။ ကျွန်တော့်ရုံခန်းမှာ (၅)မိနစ် လောက် တွေ့ဆုံခဲ့တာပါ။ သူ ဒေါသထွက်နေပြီး ပြင်သစ်အသင်းအတွက် ဆက်ကစားလိုစိတ်လည်း မရှိတော့ပါဘူး။ ပြိုင်ပွဲက ထွက်ခဲ့ရလို့ သူ့အနေနဲ့ အတော်လေးအဆင်မပြေသလို၊ ကျွန်တော်တို့လည်း ဒီလိုပဲ ခံစားခဲ့ရပါတယ်” ဟု လူဂရက်က Le Journal Du Dimanche သို့ ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular