နယ်သာလန် – ချက် (တနင်္ဂနွေည ၁၀း၃၀ နာရီ)
နယ်သာလန်အသင်းက တဖြည်းဖြည်းနဲ့ အရှိန်ရလာပြီး ခြေစွမ်းပိုင်းကလည်းအားရစရာကောင်းတယ်။ အခွင့်အရေး ကောင်းတွေကို လွယ်လွယ်ကူကူ ဖန်တီးနိုင်တဲ့ ပုံစံမျိုးဖြစ်ပြီး ဂိုးတွေသွင်းဖို့လည်း မခက်တာ တွေ့ရတယ်။ ချက်ကတော့ မာကျော မှု၊ စုစည်းမှုတွေကိုအားပြုကစားတဲ့အသင်းဖြစ်ပြီး နယ်သာလန်ကို Space တွေမပေးရဖို့ အစွမ်းကုန်ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။ နယ်သာလန်ကိုပဲ ကြိုက်တယ်။
ဘယ်လ်ဂျီယံ – ပေါ်တူဂီ (တနင်္လာနံနက် ၁း၃၀ နာရီ)
ပြင်သစ်၊ ဂျာမနီတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပေါ်တူဂီအတွက်တော့ နောက်ထပ် ခက်ခဲတဲ့ ပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရဦးမှာဖြစ်တယ်။ ဘယ်လ်ဂျီယံက အုပ်စုတွင်း ပွဲစဉ် (၃)ပွဲစလုံးကို အနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံး ပုံစံကိုတော့ မတွေ့ရသေး ဘူး။ ဒီဘရိုင်းနားက အုပ်စုနောက်ဆုံးပွဲမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပေမဲ့ ဟာဇက်ကတော့ အခုအချိန်အထိ ပုံစံ ကောင်းပြဖို့ ရုန်းကန်နေရပြီး ဂိုးရဖို့လည်း ခက်နေတယ်။ ပေါ်တူဂီမှာတော့ စီရော်နယ်လ်ဒိုက ဂိုးတွေဆက်တိုက်သွင်းနေပြီး၊ ပေါ် တူဂီအသင်းရရှိခဲ့တဲ့ (၇)ဂိုးမှာ တစ်ဦးတည်း (၅)ဂိုးသွင်းပေးထားတယ်။ ဒီပွဲမှာ လူကာကူနဲ့ စီရော်နယ်လ်ဒို အားပြိုင်ရမှာဖြစ် ပြီး ခံစစ်ပိုင်းကတော့ ပေါ်တူဂီက ပိုကောင်းမယ်ထင်တယ်။ ဒါပေမဲ့ ဒီဘရိုင်းနားဦးဆောင်တဲ့ ဘယ်လ်ဂျီယံကွင်းလယ်က ပွဲကို ထိန်းချုပ်နိုင်ဖို့များပြီး စီရော်နယ်လ်ဒို ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်ဦးမလဲဆိုတာကိုပဲ အဓိက စောင့်ကြည့်ရမှာဖြစ်တယ်။ လက်ရှိအနေအထားမှာတော့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားပြီးအရှိန်ရနေတဲ့ ပေါ်တူဂီကို ပိုကြိုက်တယ်။